[မောင့်အရိပ်~~]
Ep-Jeonအိမ်တော်မှာနေခဲ့တာ တစ်ပတ်တောင်ပြည့်ခဲ့ပြီ.....
အမှောင်အတိလား နက်ဆွေးလှတဲ့အိမ်တော်ကြီးထဲ လမင်းလေးတစ်စင်းတည်ရှိနေတာ အလင်းရောင်တောင် လိုမည်မထင်ခဲ့ပါ.....
လမင်းလေးပျော်နေခဲ့တယ် တစ္ပတ္လုံးမွာ နေထွက်သည်မှစ နေဝင်သည်ထိ အပြုံးဝေဝေဆာဆာနဲ့ကို ပျော်နေခဲ့တာ...
အရာအားလုံးကိုမေ့ခဲ့ပြီးတော့ ချစ်ရတဲ့မျက်လုံးဝိုင်းလေးနား ဘာမှမလိုခဲ့သည့်အထိ ပျော်ရွှင်နေခဲ့တာ....."
မနက်ခင်းတိုင်းမှာလည်း သာသာယာယာ၊ ညခင်းတိုင်းဟာလည်း ကြည်ကြည်နူးနူးနဲ့ ခရီးဆက်သည်မှာ အတိတ်ကိုမေ့နိုင်သည့်ထိ ဒီလူသားဟာ အပြုံးတွေပေးစွမ်းခဲ့တာ ရင်ဖိုစရာပါပဲ....
"နေတောင်စောင်းနေပြီ jeonပြန်မလာသေးဘူး..."
အရင်လိုမဟုတ်ဘူး သူပြန်မလာသေးလို့ မျှော်ရတာကျွန်တော့်အလုပ်တစ်ခုဖြစ်လာခဲ့တယ်....
မျှော်ရမယ်လေ သူကကျွန်တော့်ချစ်သူကို....
ချစ်လာပြီးတဲ့နောက်ပိုင်းမှာ တက်တူးတွေတောင် ချစ်စရာကောင်းလာသလို သူပဲအရင်ထက်ချောလာသလိုမျိုး ခံစားလာရတယ်...
သူကလည်းအရင်ထက်ကိုပိုဂရုစိုက်လာပေးတယ် ချစ်ပေးတယ် အရင်ထက်နွေးထွေးတဲ့ရင်ခွင်ထဲမှာ ခိုလှုံလာရတယ်....
ပျော်စရာတွေပဲ ကြုံလာရလို့လားပဲ မျက်ရည်ဟာဘာလဲလို့ မေးရမယ့်အဖြစ်မျိုး...
"သူဘာတွေလုပ်နေတာလဲ မသိဘူး...ဒီနေ့နောက်ကျလိုက်တာ...မထူးပါဘူး အိပ်ရင်းပဲစောင့်တော့မယ်..."
မကြာပါဘူး ကားသံကြားရတာပဲ မသိချင်ဆောင်ပြီး ခုတင်ပေါ်မှာမျက်လုံးစုံမှိတ်ပြီးသား အိပ်နေလိုက်တော့တယ်...
မ်က္လုံးသာမွိတ္ထားတာကို အားလုံးကိုကြားရ ခံစားရတယ်....သူအခန်းထဲဝင်လာတာလည်းသိတယ် ဖုန်းကိုစားပွဲချလိုက်တာလည်း ကြားတယ်....
နောက်ပြီး နှဖူးပေါ်ဖြတ်ပြေးသွားတဲ့ အနမ်းတစ်ပွင့်ကိုလည်း ခံစားမိတယ်...
