မနက်ခင်းနေမင်းက ဒီနေ့မှလွမ်းဆွေးဖွယ် ကဗျာတစ်ပုဒ်လိုပဲ....
နက်ဆွေးဆွေးအခန်းကြီးဟာလည်း တိတ်ဆိတ်ခြင်းအပြည့်နဲ့ အေးစက်လွန်းတဲ့ ဆောင်းရာသီ....
"မောင်...မောင်...မောင်ဘယ်မှာလဲ...."
မြူတွေကြားထဲမှာ တရေ့ရေ့နဲ့ပျောက်ကွယ်သွားတဲ့မောင်ဟာ ဘာလို့များ ကျွန်တော်ရဲ့ဝေးရာကို ပြေးနေတာလဲ....
အမှောင်ထုထဲလိုက်ရှာရင်း
"အား..."ဆိုတဲ့ အသံကြားရာလှည့်ကြည့်မိတော့...ကလေးတစ်ယောက်ရဲ့နာကျည်းစွာ အော်နေတဲ့အသံ မျက်ရည်တွေရော သွေးတွေပါရွှဲစိုနေတဲ့ ကလေးလေး....
မီးတောက်ထဲက ကားတစ်စီးနဲ့အတူ လူကြီးနှစ်ယောက်ဟာလည်း သွေးပုံထဲနစ်လို့ပေါ့..
ကလေးလေးရဲ့မိဘတွေထင်တယ်...
"သနားပါတယ် ကလေးရယ်...."
အဲ့ဒီရဲ့အလှမ်းမကမ်းမှာ ရပ်ကြည့်နေတဲ့မောင့်ကို လှမ်းခေါ်ဖို့ရှေ့တိုးသွားတော့ အမြင်မှားတာလား တကယ်လားမသဲကွဲတဲ့မြင်ကွင်း....
မောင်ငိုနေတဲ့ မောင်ကအဲ့ဒီကလေးလေးကိုကြည့်ရင်း တကယ်ပဲမျက်ရည်တွေကျနေခဲ့တယ်....
အနားနားကိုအပြေးအလွှားတိုးသွားလိုက်တိုင်း မောင်နဲ့ဝေးဝေးသွားတယ် မောင်ရပ်နေပါလျက်နဲ့ ရှေ့တိုးသွားတိုင်းမှာ ဘာလ်ို့ဝေးနေရတာလဲ...
ရှေ့ဆက်မတိုးတော့ဘဲ မောင့်ကိုခေါ်တော့ မောင်မျက်နှာလေးလှည့်လာပါရဲ့ နာကျင်နေမူကအပြည့် မျက်ရည်တွေကသွေးအဖြစ်ပြောင်းပြီးစီးကျနေတယ်....
မောင်နဲ့ကလေးလေးက အတူတူပဲကိုယ့်ကိုကြည့်တာ နာကျင်သလိုနဲ့ သိပ်နာကျည်းနေတာ....
မောင်ရုတ်တရက်ပဲအဝေးကိုပြေးသွားတယ် ပြေးလိုက်ခဲ့ပေမယ့်လည်း မှောင်လွန်းလို့ လမ်းပျောက်သွားပြန်တယ်...
"မောင်...ဘယ်မှာလည်း မောင့်...."
ဘယ်လောက်ပဲခေါ်နေပါစေ အသံပြန်မလာဘူး...
အလင်းတွေ့လို့ လှမ်းကြည့်မိတော့ မောင်ချောက်ကမ်းပါးအစွန်းမှာ ကိုယ့်ကိုလှည့်ကြည့်ပြီးတာနဲ့ လုံးဝပျောက်ကွယ်အောင် ခုန်ချပစ်လိုက်တော့တယ်.....