💥 1 💥

1.8K 90 2
                                    

Part 1

အလောတကြီး ပြေးထွက်လာတဲ့ လူတစ်ယောက်ကြောင့် မြေပြင်ပေါ် နားနေတဲ့ ခိုငှက်တချို့ လန့်ကာ ထပြေးကြကုန်သည်။

သာယာတဲ့ နေ၀င်ဆည်းဆာ အချိန်လေး တစ်ခုဟာ ရှပ်အင်္ကျီအဖြူအပေါ် နီရဲရဲ သွေးတွေ စွန်းနေတဲ့ ကောင်လေးတစ်ယောက်ကြောင့် အကျည်းတန်စေ၏။

“ အား...!!!!! ”

ထိုသူရဲ့ အော်ဟစ်သံမှာ နာကျည်းမှုတွေ ဖြေမဆည်နိုင်မှုတွေ ရှုပ်ထွေးမှုတွေ ရောထွေးနေသည်။

လူရိပ်လူခြေနည်းပါးသော မြို့အစွန် တစ်နေရာ ဖြစ်တာကြောင့် လမ်းမထက်မှာ သွေးစွန်းနေတဲ့လက်တစ်ဖတ်နဲ့ ရင်ဘတ်ကို ထုရိုက်ကာ ငိုကြွေးနေတဲ့ ကောင်လေး တစ်ယောက်ကလွဲ အရာရာဟာ ရှင်းလင်းမှုအတိ..!

“ ဒီလက်.....ဒီလက်တွေနဲ့.....ငါကိုယ်တိုင် မင်းကို သတ်ခဲ့တာ....ဟား..ဟားး..ဟား..ဟားး...အား..!!!!!!! ”

သွေးစွန်းနေတဲ့ လက်တစ်ဖတ်ကို ကြည့်ပြီး နာကျင်စွာ ဟစ်ကြွေးရယ်သွေးကာ လမ်းဘေးနားက အုတ်နံရံအား လက်သီးဖြင့် အချက်ပေါင်းများစွာ ထိုးလိုက်သည်။

ဖြူဖြူသွယ်သွယ် လက်တစ်ဖတ်ဟာ အခုဆိုရင် သွေး အလိမ်းလိမ်းတို့နဲ့ မြင်မကောင်း..!

မြတ်နိုးစွာ နမ်းရှိုက်ခံခဲ့ရတဲ့ လက်တစ်ဖတ်က ရက်စက်စွာ လူသတ်ဖို့ ဖြစ်လာခဲ့ပြီ..!
ပေကျံနေတဲ့ သွေးအချို့က သူ့သွေးလား ကိုယ့်‌ သွေးလားတောင် မသိအောင် ရောနှောနေသည်။

‘ အကြင်နာတိုင်း အဆိပ်ဖြစ်စေ ’ ဆိုတဲ့ ဆုတောင်းစကားကြောင့် ကိုယ့်နှလုံးသားက အဆိပ်အတောက် ရဲ့ ထိုးနှက်မှုတွေကို ခံနေရသည်။ ကျိန်စာ ဆူးပြီထင်ပါရဲ့...!!

နာကျင်‌ နေ သော နှလုံးသားနှင့်အတူ တံတား တစ်ခုပေါ်သို့ တက်သွားကာ အဝေးကိုလှမ်းမျှော်ကြည့်လိုက်၏။

မြို့စွန်တံတားရဲ့ အောက်မှာ မြစ်ရေတွေက လျင်မြန်စွာ စီးဆင်းနေသည်။ ရေမကူးတတ်တဲ့ သူအဖို့ ဒီမြစ်ရေဟာ အလွယ်တကူ သေစေ‌နိုင်လောက်သည်။

စီးကျ နေတဲ့ မျက်ရည်တွေကို လက်နှင့်ဆွဲသုတ်လိုက်တော့ လက်က သွေးတွေက မျက်နှာမှာပင် စွန်းထင်ကုန်သည်။ ထို့နောက် တံတားဘောင်ပေါ်သို့ တက်လိုက်ကာ.......

𝗦𝗮𝗯𝗼𝘁𝗮𝗴𝗲..!!  (U+Z) CompletedWhere stories live. Discover now