💥 5 💥

394 38 2
                                        

Part 5

“ ရှင်.!! Omma ကလည်း သမီးကို ဘာလို့ ခုမှ ပြောတာလဲ။ မောင်ရော အဆင်ပြေရဲ့လား အခု ”

Lee Eunmi ရဲ့ ပါးစပ်မှ ထွက်လိုက်သော ‘မောင်’ ဆိုတဲ့ အသုံးအနှုန်းကြောင့် Chanyeol မျက်နှာ ဟာ ရုပ်ချည်း ခက်ထန်စွာ ပင် သူမကိုကြည့်လိုက်ပေမယ့် ‘ အဆင်ပြေရဲ့လား’ ဆိုတဲ့ နောက်ဆက်တွဲစကားကြောင့် Hyuniee တစ်ခုခု ဖြစ်နေသလား ဆိုတဲ့ စိုးရိမ်စိတ်က ၀င်ရောက်လာပြန်သည်။

သို့ပေမယ့် ဒီလိုပုံစံကိုတော့ သူမ ကိုချပြလို့မရတာကြောင့် မမြင်စေရန် ထိန်းသိမ်းထားရပေမည်။ ဘာလို့ဆို ခုချိန် ကိုယ်ဟာ သူမ ရှေ့မှာ သနားစရာ ကောင်းတဲ့ ရိုးရိုးလူနာတစ်ယောက်ပါပင်။

သနားစရာ ဆိုတဲ့ စတိုင်ဟာ Park Chanyeol ရဲ့ စတိုင်မဟုတ်ပေမယ့် ချစ်ရသူကို ပြန်ရဖို့ဆိုရင် လုပ်သင့်တာကိုတော့ လုပ်ရလိမ့်မည်။

ဒီမိန်းမဟာ သနားတတ်တဲ့သူမို့ သိမ်းသွင်းရလွယ်ကူသည်။ လူနာတွေကို သိပ်ဂရုစိုက်တတ်တယ်ဆိုတဲ့ သူမအကျင့်က လူတွေအမြင်မှာ သိပ်ချစ်စရာကောင်းနေလိမ့်မယ် Chanyeol အတွက်တော့ ကိုယ့်ချစ်ရသူကို လုယူသွားတဲ့ စုန်းမပါပဲ..!

မင်းအတွက်ဆိုရင်တော့ အားနွဲ့တဲ့ မိန်းမသားပဲ ဖြစ်နေပါစေ ငါကမကောင်းဆိုးဝါးသဖွယ် ရက်စက်ပေးနိုင်တဲ့ မင်းရဲ့ ဗီလိန်တစ်ယောက်..!
မင်းအရင်လို ငါ့အနားမှာနေနိုင်ဖို့ ငါဘာမဆို လုပ်ရမယ် Hyuniee.....

“ ဟုတ်ကဲ့ Omma ဒါဆို သမီး ဂျူတီချိန်ပြီးတာနဲ့ အိမ်ကိုလာခဲ့လိုက်မယ်နော် ”

သူမ ဖုန်းချသံကြားတာနဲ့ Chanyeol လည်း မျက်နှာ အနေအထားကိုပြန်ပြင်လိုက်သည်။

“ ဟို..အားနာလိုက်တာ Chanyeol shii .
မိသားစု ကိစ္စလေးမို့ နည်းနည်းကြာသွားတယ် ”

“ ရပါတယ် ”

“ ဟို အဲ့တာဆို Chanyeol shii အကြောင်းလေး ဆက်ပါဦး ”

ထိုသို့ ပြောလာတဲ့ သူမကြောင့် ဖုန်းလာလို့ စကားစပြတ်သွားတဲ့ Chanyeol ရဲ့ လိမ်ဆင် တစ်ခုကို ပြန်လည်အစပြုလိုက်သည်။

“ ဟင်းး..! ကျတော်က မိဘတွေ မရှိတော့ပေမယ့် အရမ်း ချစ်ရတဲ့ ညီလေးတော့ရှိတယ်။ အခု သူက အထက်တန်းပြီးတော့ တက္ကသိုလ် တတ်ဖို့ လုပ်နေတယ်။ အဲ့တာကို ကျတော်က အခုလိုဖြစ်သွားတော့ သူတက္ကသိုလ် တတ်ဖို့အတွက် အဆင်မပြေမှာ အရမ်း စိုးရိမ်တာပဲ ”

𝗦𝗮𝗯𝗼𝘁𝗮𝗴𝗲..!!  (U+Z) CompletedWhere stories live. Discover now