💥 13 💥

278 23 2
                                    

Part (13)

** ဒေါက် ဒေါက် ဒေါက် **

ရေပတ်တိုက်ထားသော ဇလုံကို လာယူသော သူက တံခါးခေါက်လာသည်ကြောင့် တံခါးဖွင့်ကာ လှမ်းပေးလိုက်သည်။

“ နေဦး! စောနက စွပ်ပြုပ်လုပ်ခိုင်းတာ ပြီးပြီလား ”

“ ပြီးပါပြီ ဆရာ ”

“ နွေးနေအောင် လုပ်ထား Byunနိုး လာရင်တိုက်ရ အောင် ”

“ ဟုတ်ကဲ့ ”

မှာစရာရှိတာ မှာပြီးနောက် တံခါးကိုပြန်ပိတ်လိုက်ကာ မွေ့ယာထက်က စောင်ပုံလေးဆီသို့ ပြန်သွားလိုက်သည်။

မှေးစက်နေတဲ့ သူ့ရဲ့ မျက်ခွန်မို့မို့လေးတွေက မျက်တောင်စိပ်စိပ်တွေနဲ့ လိုက်ဖတ်ညီစွာ လှပနေပေမယ့် အိပ်နေရင်းတောင် တွန့်ချိုးထားတဲ့ မျက်ခုံးတွေက အလိုမကျမှုကို ပြသနေပါသည်။

ငိုထားတာကြောင့် ချောင်ကျနေတဲ့ မျက်နှာလေးက ဖြူဖတ်ဖြူရော်နှင့် သွေးရောင်လွှမ်းမနေချေ !

Lee Eunmi...... မင်းကြောင့်နဲ့ ငါ့အချစ်ပင်ပန်းခဲ့တာ တွေ့သလား ?? အချစ်ပင်ပန်းရတန်အောင် မင်းကတော့ ထာ၀ရပျောက်ကွယ်‌ပေးရမှာပေါ့....

ကိုယ့်ကြောင့်နဲ့တော့ မင်းမပင်ပန်းစေရပါဘူး..... ချစ်သူ...... အင်း......... ကိုယ့်စကားနားထောင်ရင်ပေါ့ !!

“ အင်း........”

အိပ်နေရင်းက တစ်ချက်တစ်ချက် ထွက်လာတဲ့ ညုတုတု အသံလေးကလည်း မပြောင်းလဲစွာပင် အသည်းယားဖို့ကောင်းနေတုန်း ...... !

အရင်အကြောင်းတွေ ပြန်တွေးမိရင် တမလွန်က Lee Eunmi ရဲ့ ဝိဉာဉ်ကိုတောင် ချုပ်နှောင် ထားချင်မိလောက်အောင် ဒေါသထွက်မိပါသည်။

“ အင်း..........အွန်းးးး  ”

စောင်ပုံထဲက လှုပ်ရွလာတဲ့ ကောင်လေးကြောင့် Chanyeol ထိုကောင်လေးရဲ့ နဖူးပေါ်က ဆံပင်လေးတချို့ကို သပ်တင်ပေးလိုက်သည်။

“ Byun ! ”

နှုတ်မှ အမြတ်တနိုးခေါ်လိုက်တာကြောင့် ထိုကောင်လေးရဲ့ မှေးမှိတ်ထားတဲ့ မျက်လုံးတွေ ဆတ်ခနဲ့ ပွင့်လာသည်။

“ ဟင်? ခဗျားးး !! ”

“ Byun သက်သာလား ခေါင်းကိုက်နေသေးလား ”

𝗦𝗮𝗯𝗼𝘁𝗮𝗴𝗲..!!  (U+Z) CompletedWhere stories live. Discover now