Part (24)
မီးရောင်စုံတွေ တဖျတ်ဖျတ်ကြား Baekhyun စားပွဲဝိုင်းမှာထိုင်နေရင်း နားထင်နှစ်ဖတ်ကို ဖိကိုင်ထားမိသည်။ ဒီလို ကလပ်မျိုးကို တစ်သက်လုံးနေမှ ဒီတစ်ကြိမ်သာ ရောက်ဖူးတာပင် !
မျက်စိနောက်စရာ အနေအထားနှင့် နားညီးလှသော သီချင်းသံကျယ်ကျယ်က Baekhyun စိတ်တွေကို ရှုပ်ထွေးစေတာတော့အမှန် .....!
အနားမှာ ချထားတဲ့ လက်ကျန်ဝိုင်ခွက်ကို ကောက်မော့လိုက်တော့ ရင်ခွင်ထဲ ပူ၍ ဆင်းသွားသည်။
“ ဒါလင် ! တစ်ယောက်ထဲလား........ တို့ ဝိုင်လေး ငှဲ့ပေးရမလား? ”
ကုန်သွားတဲ့ ဝိုင်ခွက်ကို မှင်သေသေစိုက်ကြည့်နေတုန်း မျက်နှာချင်းဆိုင်က ထွက်လာတဲ့ အသံကြောင့် Baekhyun မော့ကြည့်မိသည်။
လိမ်ကောက်ကောက် ဆံပင်တွေနှင့်အတူ နှုတ်ခမ်းနီတွေ ရဲနေအောင် ဆိုးထားတဲ့ အမျိုးသမီးတစ်ယောက်က လည်ဟိုက်ကို ၀တ်ထားရင်းကပင် ရင်သားကြီးကြီးတို့ကို ပေါ်လွင်စေရန် စားပွဲပေါ်သို့ လက်ထောက်၍ ညူတူတူ ပြော၍လာသည်။
Baekhyun ဆွဲဆောင်မှုရှိစွာ တစ်ချက်ပြုံးလိုက်ပြီး .............
“ မလိုဘူး ဟန်နီ ! ဒါလိုချင်လား ...... ယူပြီး ထွက်သွားလိုက်နော် ! ”
Baekhyun စောနက လူကြီးဆီကချွတ်ယူလာတဲ့ စိန်လက်စွပ်ကို ထောင်ပြကာ ပြောလိုက်တော့......
“ Oh... Really? Thank you Darling!! သိပ်ချစ်ဖို့ ကောင်းတာပဲ ! ”
ဟု ဆိုကာ Baekhyun ကို ဆွဲဖတ်သွား၍ လက်စွပ်ယူကာ နေရာမှ ထွက်သွားတော့သည်။
Baekhyun လည်း ထိုအမျိုးသမီးထွက်သွားတော့မှ ဝိုင်ကို ထပ်မံငှဲ့၍ သောက်လိုက်သည်။ ထို့နောက် ခပ်လှမ်းလှမ်းအနေအထားမှ လူတချို့နှင့် စကားပြောနေလေသော ခန့်ခန့်ညားညား လူတစ်ယောက်ကို လှမ်းကြည့်မိသည်။
ထိုအချိန် Baekhyun ရဲ့ နှုတ်ခမ်းပါးတို့ ကွေးညွတ်သွားခဲ့သည်။
“ Congratulations Byun Baekhyun !! ”
ကိုယ့်ပါ့ကိုယ် အော်ရင်းကပင် ဝိုင်ခွက်ကို ထပ်မံမော့ချလိုက်ပြန်သည်။ အခုဆိုရင်တော့ ဒီချိန်ဒီနေရာမှာ ဖြစ်တည်နေတဲ့ Byun Baekhyun ဟာ Fire Dragon ဂိုဏ်းခေါင်းဆောင်ရဲ့ ပါတနာတစ်ယောက်ပင်။
YOU ARE READING
𝗦𝗮𝗯𝗼𝘁𝗮𝗴𝗲..!! (U+Z) Completed
Фанфикшнမှင်တစ်စက်စွန်းနေတဲ့ စာရွတ်အဖြူကို လိုက်ပြပြီး ဘာမြင်လဲမေးရင် လူတွေက အမည်းစက်တစ်စက်လို့ပဲ ဖြေကြလိမ့်မယ်...! ဧရိယာများများရှိ နေတဲ့ အဖြူရောင် ကို သူတို့မမြင်ကြဘူး...! အဲ့တော့ စွန်းနေတဲ့ မှင်တစ်စက်ကို လိုက်ပြီး စာလုံးတွေနဲ့ ဖြူနေတဲ့ စာရွက်အနှံ့ ရေးခြ...
