Part - 3
“ မောင်..! ”
ဝေးကွာသွားတဲ့ တွန်းလှည်းလေးကို မျက်စိတစ်ဆုံးထိ လိုက်ကြည့်နေမိပြီးမှ ဘေးနားက သူမ က လက်မောင်းကိုကိုင်ကာ လာခေါ်တော့မှာပဲ အသိစိတ်ပြန်ကပ်မိသည်။
“ ဟင်.! မ .. ”
“ မောင်ရောက်နေတာ ကြာသွားလား.! မ ဒီမှာ အရေးပေါ် ၀င်လိုက်ရတာမို့ ”
“ ရ...ရပါတယ်မရဲ့။ မောင်အဆင်ပြေပါတယ် ”
“ အင်း။ ဒါဆို ခဏစောင့်နော်။ မ operation ၀တ်စုံတွေ လဲလိုက်ဦးမယ် ”
“ အင်း...”
Eunmi လှည့်ထွက်သွားတော့မှ Baekhyun စိတ်ထဲတွင် သိချင်မှု တစ်ခု ပြင်းပြလာသည်ကြောင့် မေးကြည့်ရန် လှမ်းခေါ်လိုက်သည်။
“ မ..! ”
“ ဟင်..? ”
“ စောနက လူနာက ဘာဖြစ်တာလဲဟင် ”
“ အော် သူလား.! ဓါးထိုးခံရတာတဲ့။ ထိုးတဲ့လူကတော့ ထွက်ပြေးသွားတယ်ပြောတာပဲ။ ဘာလို့လဲဟင် ”
“ အာ.... ဘာမှ မဖြစ်ပါဘူး ဒီတိုင်း...”
ဓါးထိုးခံရတာ....? ဒီလူက ဘာမို့လို့ ဓါးထိုးခံရတာပါလိမ့်....? ဘာရယ်မဟုတ် ဒီလူကို မြင်မိပြီး ခံစားမိတဲ့ ထူးခြားတဲ့ ခံစားချက်ကြောင့် Baekhyun စိတ်၀င်စားမိနေခြင်းဖြစ်သည်။
ထို့နောက် သူမ ကို ရုံးခန်းထဲ သွားစောင့်ရန် ခြေလှမ်းလိုက်တော့ ခြေထောက်မှ ပစ္စည်းတစ်ခုကို နင်းမိသွားသည်။ ငုံ့ကြည့်လိုက်တော့ ပိုက်ဆံအိတ် တစ်အိတ်...!
ဘယ်သူများ ကျကျန်ခဲ့တာပါလိမ့်...!
ပိုက်ဆံအိတ်ကို ဖွင့်ကြည့်လိုက်တော့ ကဒ်တချို့နဲ့အတူ ပိုက်ဆံ တချို့......
အိတ်အကြည်လေးနဲ့ ထည့်ထားတဲ့ မှတ်ပုံတင်ကတော့ အမည်နေရာတွင် Oh Sehun ဟုရေးသားထားရာ ဓါတ်ပုံကတော့ စောနက လူနာစောင့်၏ပုံဖြစ်၏။ဒါဆို စောနက လူနာစောင့်က Oh Sehun ပေါ့..!
မ ကို ပြန်ပြောပြီး ပေးခိုင်းမယ်ဟုဆိုကာ Baekhyun အိတ်ကပ်ထဲသာ ထည့်ယူလာလိုက်သည်။*********
“ တောင်းပန်ပါတယ် မောင်ရေ။ ဒီနေ့တော့ ညစာ တူတူစားဖြစ်မယ့်ပုံမပေါ်ဘူး။ စောနက လူနာက သတိမရသေးဘူးလေ သူအဆင်ပြေတဲ့အထိ ဆိုရင် ညစအချိန်လွန်သွားလောက်တယ် ”
![](https://img.wattpad.com/cover/289007508-288-k762703.jpg)
YOU ARE READING
𝗦𝗮𝗯𝗼𝘁𝗮𝗴𝗲..!! (U+Z) Completed
Fanfictionမှင်တစ်စက်စွန်းနေတဲ့ စာရွတ်အဖြူကို လိုက်ပြပြီး ဘာမြင်လဲမေးရင် လူတွေက အမည်းစက်တစ်စက်လို့ပဲ ဖြေကြလိမ့်မယ်...! ဧရိယာများများရှိ နေတဲ့ အဖြူရောင် ကို သူတို့မမြင်ကြဘူး...! အဲ့တော့ စွန်းနေတဲ့ မှင်တစ်စက်ကို လိုက်ပြီး စာလုံးတွေနဲ့ ဖြူနေတဲ့ စာရွက်အနှံ့ ရေးခြ...