Part (15)
အပင်တချို့ ယိမ်းနွဲ့ရုံမျှသာ တိုက်ခတ်နေသော လေပြေက စိတ်၏ သာယာမှုကို ခေါ်ဆောင်လာပေး၏။
အလွန် ကြီးကျယ် မြင့်မားသော စံအိမ်ကြီး၏ အောက် တစ်နေရာတွေ မြေပြင်ပေါ်ခေါက်တုံ့ခေါက်ပြန် လျှောက်၍ ကျရာတာ၀န်ကို ထမ်းဆောင်နေသော လူအချို့လည်း ရှိကြပေ၏။
ရှေ့တည့်တည့်မှ တိုက်ခတ်လေသော လေပြေက အနည်းငယ် ပြင်းစ ပြုလာသည်။ အနီးနားက ဖြတ်သွားသော လေပြေကို အမိအရ ရှူရှိုက်လိုက်ရင်းက လန်းဆန်းမှုကို ရရှိသွားစေ၏။
ထိုအချိန်ထိ ဒီရပ်၀န်းလေးမှာ အရာအားလုံးက ပုံမှန်အနေအထား.............
ပြောင်းလဲသွားတဲ့ အခြေအနေတစ်ရပ်၏ အရင်းမြစ်ကတော့ အိမ်ကြီးအောက် တာ၀န်ကျနေတဲ့ လူတစ်ယောက်က တိုက်ခတ်နေသော လေကို မျက်နှာမော့ အရသာခံရင်း တွေ့လိုက်ရသော ခြောက်ခြားဖွယ်ရာ တစ်ခုကြောင့်ပင် .......!
“ အွန်း....... လေက လတ်ဆတ်.... ဟ....ဟ အပေါ်..... အပေါ်မှာ ..... ဟျောင့်တွေ ”
ရုတ်တရတ် အပေါ်ကိုမော့လိုက်ရင်းက မြင်လိုက်ကတဲ့ အရာကြောင့် ထိုလူက သူနှင့်တူတူ တာ၀န်ကျနေသော သူထံသို့ အံ့ဩတကြီး ပြောလိုက်သည်။
“ ဘာလဲ...! ဟာ..!! အကို.... အကိုလေး ....! ပြတင်းပေါက် ဘောင်ပေါ် ဘာတတ်လုပ်တာ လဲ ?? ”
အိမ်ကြီးရဲ့ ၃လွှာမြောက် အထပ်က ပြတင်းပေါက်ကြီး တစ်ခုပေါ်က ဖြူလွှလွှ အရိပ်လေးကို မြင်ပြီး နောက်တစ်ယောက်က ပြောချင်းဖြစ်သည်။
“ လက်...... လက်ကြီး ဆန့်ထားတယ် ဟေ့ကောင်တွေ ! ခုန် ချ တော့မှာလား မသိဘူးး ”
ပြတင်းဘောင်ပေါ်က ဖြူလွှလွှ အရိပ်ကလေး တစ်ချက်လှုပ်လိုက်သည်နှင့်အမျှ အောက်က လူတစ်စုမှာ ပြာပြာသလဲ ခပ် လို့နေရသည်။
“ ဖမ်းး....... ဖမ်း...... ဖမ်းရမှာပေါ့ !! ”
ဟု ဆိုကာ တစ်ယောက်က လက်ကို ဆန့်တန်းလို့ ပြတင်းပေါက် အောက်တည့်တည့် တွင် နေရာယူလေသည်။
ထိုစဉ် လူကောင်ကြီးကြီးနဲ့ နောက်တစ်ယောက်က ထိုလူရဲ့ ခေါင်းကို ရိုက်ထည့်လိုက်ပြီး .......
YOU ARE READING
𝗦𝗮𝗯𝗼𝘁𝗮𝗴𝗲..!! (U+Z) Completed
Fanficမှင်တစ်စက်စွန်းနေတဲ့ စာရွတ်အဖြူကို လိုက်ပြပြီး ဘာမြင်လဲမေးရင် လူတွေက အမည်းစက်တစ်စက်လို့ပဲ ဖြေကြလိမ့်မယ်...! ဧရိယာများများရှိ နေတဲ့ အဖြူရောင် ကို သူတို့မမြင်ကြဘူး...! အဲ့တော့ စွန်းနေတဲ့ မှင်တစ်စက်ကို လိုက်ပြီး စာလုံးတွေနဲ့ ဖြူနေတဲ့ စာရွက်အနှံ့ ရေးခြ...