Part 8
လူ ဆယ်ယောက်နီးပါး ရှိသော်လည်း အပ်ကျသံတောင် မကြားရအောင် တိတ်ဆိတ်လွန်းနေပြီး မှိန်ပြပြ မီးရောင်နဲ့သာ မြင်ရတဲ့ အခန်းကျယ်ကြီး တစ်ခုဟာ အစည်းအဝေးခန်း ဟုဆိုလျှင် မည်သူက ယုံနိုင်မည်နည်း။
ဟုတ်ပါသည်။ ဒါဟာ Fire Dragon ဂိုဏ်းရဲ့ ခေါင်းဆောင် Park Chanyeol ဦးစီးလေးအတဲ့ အစည်းအဝေး ခန်းမို့သာပင်...!
အစည်းအဝေး တက်ရောက်သူ ၊ အထူးသဖြင့် ဒီ ဂိုဏ်းရဲ့ အရေးပါသူတွေထဲမှာ ဂိုဏ်းခေါင်းဆောင် ရဲ့ အတွင်းရေးမှူး Oh Sehun ကလွဲ၍ Park Chanyeol ဆိုသူကို မည်သူမှ သေချာစွာ မမြင်ဖူးကြချေ။
“ ဒီတစ်ခေါက်က Top 10 ကိုယ်စားလှယ် gp တွေချည်း တတ်ရောက်ရမယ့် party ပွဲဖြစ်တယ်။ အဲ့ဒီ့မှာ ဂိုဏ်းနှစ်ဂိုဏ်းရဲ့ လှုပ်ရှားမှုရှိမယ်လို့ ကြားထားပါတယ် ”
ဒါကတော့ အတွင်းရေးမှူး ဖြစ်သူ Oh Sehun မှ အစချီလိုက်တဲ့ စကား။
“ ငါတို့ ဂိုဏ်းကနေ အခု ဒီမှာ ရှိနေတဲ့ လူတွေပဲ တတ်မယ် ”
ထိုသို့ ဆိုလိုက်သော Chanyeol ရဲ့ စကားကြောင့် လူတချို့က တစ်ယောက်မျက်နှာ တစ်ယောက် နားမလည်စွာ ကြည့်ကြသည်။ သို့သော် မည်သည့် အသံမှတော့ ဆူညံစွာထွက်မလာ
“ဒီလူနည်းနည်းလေးနဲ့ ဖြစ်ပါ့မလား ဆရာ။ နှစ်ဂိုဏ်းတောင် လှုပ်ရှားမှာဆိုတော့ ပြင်ဆင်ဖို့လိုတယ်မလား ”
နောက်တော့မှ ဂိုဏ်းသားတစ်ယောက်က ဆက်ပြောလိုက်ခြင်းဖြစ်သည်။
“ အဲ့ အတွက်ပဲ ပြင်ဆင်တာပဲ။ လူအများကြီးတတ်ရင် ငါတို့ ဂိုဏ်းကိုသတိထားမိသွားမယ်။ ပထမဆုံး target က ငါတို့ ဖြစ်လာနိုင်တာမို့ အဲ့တာကို ရှောင်ရမယ်။ တကယ် ပွဲဖြစ်ပြီဆိုမှ စီစဉ်ထားတဲ့အတိုင်းလုပ်ရုံပဲ။ Sehun ah မင်း ဒီတစ်ခါ ဦးဆောင်ရမယ် ”
“ ဟုတ်ကဲ့ ”
နာမည်ကြီး ဂိုဏ်းပေါင်းစုံက စုပေါင်း ပြုလုပ်သည့် ပါတီပွဲလည်း ဖြစ်တာ တစ်ကြောင်း ကြားထားတဲ့ သတင်းကြောင့် အခြားလူ လက်ဦးမှု မရစေရန်တစ်ကြောင်း ရယ်ကြောင့် ပြင်ဆင်စရာ ရှိသည်များကို အစည်းအဝေးခန်းထဲ၌ အချိန်ကြာကြာ ပြင်ဆင်လိုက်ရသည်။
YOU ARE READING
𝗦𝗮𝗯𝗼𝘁𝗮𝗴𝗲..!! (U+Z) Completed
Fanfictionမှင်တစ်စက်စွန်းနေတဲ့ စာရွတ်အဖြူကို လိုက်ပြပြီး ဘာမြင်လဲမေးရင် လူတွေက အမည်းစက်တစ်စက်လို့ပဲ ဖြေကြလိမ့်မယ်...! ဧရိယာများများရှိ နေတဲ့ အဖြူရောင် ကို သူတို့မမြင်ကြဘူး...! အဲ့တော့ စွန်းနေတဲ့ မှင်တစ်စက်ကို လိုက်ပြီး စာလုံးတွေနဲ့ ဖြူနေတဲ့ စာရွက်အနှံ့ ရေးခြ...