💥 26 💥

244 19 14
                                        

Part (26)

“ မဟုတ်ပါဘူးဆိုကွာ မင်း ဘယ်လိုဖြစ်နေတာလဲ? ”

ကြီးမား လှသော Park စံအိမ်တော်ကြီး၏ ဧည့်ခန်းတစ်နေရာမှ ထွက်လာသော Baekhyun ရဲ့ အော်သံ ............

“ အဲ့ဆို မင်းပြောလေ။ တိကျတဲ့ ဖြေရှင်းချက်ပေး! ဒီဂိုဒေါင် မီးလောင်တာ မင်းပယောဂ မပါပါဘူးဆိုတဲ့ အကြောင်းပြချက် !! ”

ထို့နောက် ထပ်ထွက်လာတဲ့ အသံကျယ်ကျယ်ကတော့ Chanyeol ထံမှ ဖြစ်လေသည်။

ဒေါသ တွေ ရောပြွန်းနေတဲ့ သူတို့နှစ်ယောက်ကြား ဘယ်သူမှ ၀င်မပြောရဲလောက်အောင် တိတ်ဆိတ်နေလျက် !

မြို့ပြင်က ဂိုဒေါင် မီးလောင်သွားတဲ့ ကိစ္စမှာ အကြီးအကျယ် တတ်နေသော ပြဿနာသည် ဤသို့ ဖြစ်သည်။

ဂိုဒေါင်ကြီး တစ်ခုလုံးကို မီးရှို့ သွားတာကို‌ တောင် မသိလောက်အောင်အထိ ဂိုဒေါင်စောင့် တွေနဲ့ Baekhyun ရဲ့ လူယုံတချို့က ဘာလုပ်နေကြသလဲ?

မီးလောင်တယ် ‌ဆိုစေဦး !  ဘာကြောင့် Baekhyun လူယုံက ထိခိုက်မှု တစ်ခုမှမရှိပါသလဲ?  Chanyeol ရဲ့ ဂိုဒေါင်စောင့်တွေကလည်း ပျောက်ချင်းမလှပျောက်နေ‌ သေးသည်။

ထိုနေ့မတိုင်ခင်က Baekhyun က ကိုယ်တိုင် စစ်‌ ဆေးရမယ့် ကိစ္စကို လူယုံကို တိတ်တဆိတ် လွှဲထားပေးခဲ့ပြီး Chanyeol နဲ့ သာ အချိန်ဖြုန်းခဲ့သည်။

ထိုကဲ့သို့ သော အခြင်းအရာတွေက Sehun သာမက Chanyeol ကိုပါ Baekhyun အား သံသယ၀င်စေသည်။

ပိုင်ဆိုင်မှုရဲ့ လေးပုံတစ်ပုံလောက်ရှိတဲ့ ဂိုဒေါင်ကြီးဟာ ကုန်းကောက်စရာ မရှိအောင် ပြာကျသွားပြီမို့ Chanyeol အနေနဲ့ အကြီးကြီး ပေါက်ကွဲနေမိသည်။

“ ငါ အဲ့နေ့ညက မင်းနဲ့ အတူရှိနေတာလေ Chanyeol ah! ”

ထို ဖြေရှင်းချက်ကြောင့် Chanyeol က ခနဲ့စွာရယ်သည်။

“ မင်းက ငါနဲ့ အချိန်ဖြုန်းနေပြီး မင်းတပည့်ကို ခိုင်းလိုက်တာကော မဖြစ်နိုင်ဘူးလား? ဟမ်! ဒီမှာ Byun Baekhyun ငါက ဒီအလုပ်တွေကို မင်းထက်အရင် လုပ်လာတာ။ မင်း ဒီလောက်လေးနဲ့ ငါ့ကို ကျော်လို့ရမယ် ထင်နေတာလား ? ”

𝗦𝗮𝗯𝗼𝘁𝗮𝗴𝗲..!!  (U+Z) CompletedWhere stories live. Discover now