Part 16
စံအိမ်အကြီးကြီးရဲ့ ရှေ့တည့်တည့်မှာ ရဲရဲနီနေတဲ့ ပန်းပွင့်တွေ ..........
စိုက်ထားတာမကြာသေးပေမယ့် ကောင်းကောင်း ဂရုစိုက်တာမို့ ပန်းတွေက ဝေဝေဆာဆာ ရှိနေသည်။ရဲရဲ နီတဲ့ ပန်းပွင့်တို့က ပြင်းထန်သော ရနံ့တွေနဲ့ ဆွဲဆောင်မှုရှိစွာလှနေကြသည်။ ထိုပန်းပွင့်တွေကတော့ အချစ်ရဲ့ ရာဇ၀င်လို့ ပြောစမှတ်တွင်ကြတဲ့ နှင်းဆီပွင့် တွေပင် !!
Chanyeol ဟာ ပန်းတွေကို မချစ်တတ်သလို ပန်းစိုက်ရတာလည်း ဝါသနာပါသူမဟုတ် !
သို့သော် ဒီကျယ်ပြန့်လှပတဲ့ နှင်းဆီတွေကို စိုက်ခဲ့ရတဲ့ အကြောင်းအရင်းကတော့ ဖြူစင်တဲ့ ပန်းလေးတစ်ပွင့်ကို အရောင်ဆိုးပစ်ချင်တာကြောင့်ပင် !!နူးညံ့တယ် ၊ လှပတယ် ၊ .....
ဤအခြင်းအရာတွေနဲ့ ပြည့်စုံတဲ့ Chanyeol ချစ်ရသူကို တခြားဖြူစင်လှပတဲ့ ပန်းတွေနဲ့ မတင်စားလို...........နှင်းဆီလို ရဲရဲနီပြီး ဆူးတွေနဲ့ ကာရံထားတဲ့ နူးညံ့လှပတဲ့ ပွင့်ဖတ်တွေနဲ့ပဲ တင်စားလိုသည်။
ဖြူစင်မှုကို သဘောမကျတဲ့ Chanyeolက ချစ်ရသူရဲ့ ဖြူစင်မှုကိုလည်း နှင်းဆီရောင်တွေ ဆိုးပစ်ချင်သည်။
ဒါကြောင့် Baekhyun ကို ဒီအိမ်ကို ခေါ်လာခဲ့ဖို့ စိတ်ကူး ကတည်းက နှင်းဆီပင်တွေ အိမ်အပြည့် စိုက်ပျိုးထားတာဖြစ်သည်။ ဥယျာဉ်မှုးနှစ်ယောက်လည်း ခန့်ထားကာ မျက်ခြေမပြတ် ကြည့်ရှုစောင့်ရှောက်စေသည်။
အချိန်တစ်ခု အကြာအတွင်းမှာတော့ ဖူးသူက ဖူး၊ ငုံသူက ငုံ၊ ပွင့်သူက ပွင့်ဖြင့် နှင်းဆီတို့မှာ လှချင်တိုင်းလှနေတော့သည်။
ဒါပေမယ့် လည်း နှင်းဆီ ........
မင်းရဲ့ အလှတွေက Byun ငါ့ကို ထိုးတဲ့မျက်စောင်းတွေလောက်တောင် ဆွဲဆောင်မှုမရှိဘူး !!ဖြူစင်မှု ၊ ရိုးသားမှု ၊ သနားမှု ဆိုတာကို မုန်းတယ် ! ဒါကြောင့် ကိုယ်ချစ်တဲ့ Byun ကလည်း သူ့ရဲ့ ကိုယ်ပိုင် ဖြူစင်မှုတွေကို စွန့်လွှတ်ပြီး နှင်းဆီတစ်ပွင့်လို ရဲရဲနီရစေမယ် ..... !
နှင်းဆီခင်းကြီးထဲ လမ်းလျှောက်နေရင်း ဘေးနားက နှင်းဆီတစ်ပွင့်ကို လက်ကဆုပ်ကိုင်လိုက်သည်။ နူးညံ့တဲ့ ပွင့်ဖတ်တွေက လက်ထဲမှာ ကြွေမွစွာပင် အဆုပ်လိုက်ပါလာသည်။
![](https://img.wattpad.com/cover/289007508-288-k762703.jpg)
YOU ARE READING
𝗦𝗮𝗯𝗼𝘁𝗮𝗴𝗲..!! (U+Z) Completed
Fanfictionမှင်တစ်စက်စွန်းနေတဲ့ စာရွတ်အဖြူကို လိုက်ပြပြီး ဘာမြင်လဲမေးရင် လူတွေက အမည်းစက်တစ်စက်လို့ပဲ ဖြေကြလိမ့်မယ်...! ဧရိယာများများရှိ နေတဲ့ အဖြူရောင် ကို သူတို့မမြင်ကြဘူး...! အဲ့တော့ စွန်းနေတဲ့ မှင်တစ်စက်ကို လိုက်ပြီး စာလုံးတွေနဲ့ ဖြူနေတဲ့ စာရွက်အနှံ့ ရေးခြ...