Part (27)
( Media က လက်ကိုင်ပုဝါလေး အရင်ယူထားနော် )
အငွေ့တလှိုင်လှိုင် ထနေသော အခန်းကျဉ်းထဲ ၀ယ် မှိန်ပြပြ မီးရောင်လေးသာ ထွန်းလင်းနေသည်။ ရဲရဲနီနေသော မီးတောက်ထံမှ တရိပ်ရိပ်တတ်နေသော အငွေ့သည် Sehun လက်ကြားထဲရှိ စီးကရက်တို တစ်ခုဆီမှ ဖြစ်သည်။
** ဟူးး **
စီးကရတ်ကို ခပ်ပြင်းပြင်း တစ်ချက်ဖွာလိုက်ရင်းပင် အငွေ့တို့ကို သက်ပြင်းနှင့်အတူ ရောရောင် ထုတ်ချပစ်လိုက်သည်။
ထို့နောက် ခေါင်းထဲသို့ တပြိုင်နက်၀င်လာတဲ့ မြင်ကွင်းတစ်ခုက Sehun ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေကို ကွေးညွတ်သွားစေသည်။
မနေ့ညက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေအား Sehun စောင့်ကြည့်နေခဲ့တာမို့ အကုန်လုံးကိုသိ၏။ တစ်နည်းပြောရလျှင် ဒီလို ဖြစ်အောင်လည်း Sehun ကိုယ်တိုင် စီစဉ် ခဲ့တာဖြစ်သည်။
Baekhyun ပြောင်းလဲပြီးနောက်မှာ သံသယ အကြီးဆုံးသူကတော့ Sehun သာဖြစ်၏။ Baekhyun ဟာ Chanyeol ကို ချစ်တယ် ဆိုတာကို Sehun လုံး၀ပင်မယုံခဲ့ပေ။
ဒါကြောင့် ဒီဂိုဏ်းကို ကာကွယ်ဖို့ရော ၊ တစ်ဦးတည်းသော သူငယ်ချင်းဖြစ်တဲ့ Chanyeol ကို ကာကွယ်နိုင်ဖို့ရောအတွက် Baekhyun စိတ်ကို စမ်းသပ်ရန် Chanyeol နဲ့ တိုင်ပင်ကာ စီစဉ်ခဲ့သည်။
အဆင့်သုံးဆင့်ဖြစ်တဲ့ ...........
Chanyeol ကို ချစ်တယ်ပြောရမည်။
Chanyeol နဲ့ လိုက်လျောစွာ အတူအိပ်ရမည်။
Chanyeol အတွက် လူသတ်နိုင်ရမည်။
ဟူ၍ပင် ............!!ပထမနှစ်ခုဟာ အလွယ်တကူ ကျော်ဖြတ်ကောင်းကျော်ဖြတ်နိုင်လိမ့်မယ် ! နောက်ဆုံးတစ်ခုဟာတော့ Baekhyun လို အရာရာ နူးညံ့လွန်းပြီး အတွေ့အကြုံမရှိသေးတဲ့ သူအတွက် သိပ်ကိုခတ်ခဲလိမ့်မည်။
တွေးခဲ့တဲ့ အတိုင်းပင် ဂိုဏ်းသားတစ်ယောက်ကို သတ်ဖို့အတွက် သူ့အတွက်ခတ်ခဲခဲ့သည် ။
** Flash Back **
“ မင်းမြင်တယ်နော် Chanyeol ah! သူ ဂိုဏ်းသားတစ်ယောက်ကို မသတ်နိုင်ဘူး!!! အဲ့တော့ ငါတို့ကိုလည်း သူသတ်နိုင်မှာမဟုတ်ဘူး။ သူ့လိုပညာတတ်တစ်ယောက်က မင်းကိုကပ်ပြီး ငါတို့ဂိုဏ်းကို အနုနည်းနဲ့ ဖျက်ဆီးဖို့ပဲ တွေးမှာပဲ။ ဒီလိုနည်းနဲ့ ခံရတာက ပိုနာတယ် ဟေ့ကောင်!! မင်းအဖေဂိုဏ်းကို ဆက်ပြီး ခိုင်မြဲချင်သေးတယ် ဆိုရင် သူ့ကို ရှင်းထုတ်ပစ်မှရမယ် ”
YOU ARE READING
𝗦𝗮𝗯𝗼𝘁𝗮𝗴𝗲..!! (U+Z) Completed
Fanfictionမှင်တစ်စက်စွန်းနေတဲ့ စာရွတ်အဖြူကို လိုက်ပြပြီး ဘာမြင်လဲမေးရင် လူတွေက အမည်းစက်တစ်စက်လို့ပဲ ဖြေကြလိမ့်မယ်...! ဧရိယာများများရှိ နေတဲ့ အဖြူရောင် ကို သူတို့မမြင်ကြဘူး...! အဲ့တော့ စွန်းနေတဲ့ မှင်တစ်စက်ကို လိုက်ပြီး စာလုံးတွေနဲ့ ဖြူနေတဲ့ စာရွက်အနှံ့ ရေးခြ...