Part (11)
“ Hyung.!!! ကျတော်တို့ ဒီမှာ ”
များပြားလှသော လူတွေထိုင်နေတဲ့ ခုံတန်းရှည်တွေ ထဲကမှ လက်ပြကာ လှမ်းခေါ်သော Luhan ကို တွေ့လိုက်တာကြောင့် Chanyeol ထိုနေရာတွင် သွားထိုင်လိုက်သည်။
Luhan ဘေးနားက Sehun ကို ကြည့်လိုက်တော့ Sehun က နားလည်သဘောပေါက်စွာ ခေါင်းငြိမ့်ပြလေသည်။ ဒါဟာ ပွဲမတိုင်ခင် ကြိုတင်စီစဉ် ထားတဲ့ ဗျူဟာတစ်ခုကို လုပ်ပြီးပါကြောင်း အချက်ပြသည့် သဘောပါပင်...!
မကြာလိုက် ဘုရားကျောင်းရှေ့က ဆူညံသံတချို့ ကို Chanyeol ကြားလိုက်ရသည်။ သေချာပါသည် ဒါဟာ Hyuniee ဘေးနားမှာ ပြုံးရွှင်ပြီး ရပ်နေတဲ့ သူမရဲ့ မျက်နှာ အက်စစ်လောင်သွားပြီဆိုတာ..........
ထို့နောက် Chanyeol သခင်ယေရှုအား စေ့စေ့ ကြည့်လိုက်သည်။ တောင်းဆိုခဲ့သလိုပင် ဒီတစ်မိနစ်အတွင်းဖြစ်သွားတဲ့ အခြေအနေကို အတည်ယူပေးဖို့ ပြန်လည် သတိပေးလိုက်သလို.........
“ သတို့သား ကား ရောက်လာပြီ။ ဒါတွေ မြန်မြန်သိမ်းလိုက်တော့ !! ”
အရှေ့က တကျွတ်ကျွတ် ဆူညံနေရာမှ ထိုးထွက်လာသော အသံ ကြောင့် Chanyeol မတ်တပ် ထရပ်လိုက်သည်။ mission ထမ်းဆောင်ဖို့ အချိန်ရောက်လေပြီ !!
“ Hyung.! ဘယ်သွားမလို့လဲ Sam လာပြီဆိုတော့ မင်္ဂလာပွဲစတော့မယ်နဲ့ တူတယ် ”
“ Hyung သူနဲ့ စကားခဏ သွားပြောမလို့ Sehun နဲ့ ခဏနေလိုက်နော်။ Sehun....! ”
Luhan ကို ပြေရာပြေကြောင်း ပြောလိုက်ပြီးနောက် Sehun ကို စီစဉ်ထားတဲ့အတိုင်း လုပ်ရန် အချက်ပြလိုက်သည်။ Sehun ကလည်း သဘောပေါက်စွာ ခေါင်းပြန်ငြိမ့်ပြသည်။
ထို့နောက် Chanyeol ဘုရားကျောင်းရှေ့သို့ ထွက်လာလိုက်သည်။
တွေ့ပါပြီ......... ပန်းခြောက်တွေနဲ့ အလှဆင်ထားတဲ့ ကားအဖြူလေးထဲကနေ ထွက်လာတဲ့ အဖြူရောင် ကောင်ငယ်လေး.......နူးညံ့နေသော အသားရည် ကြည်ကြည်လေးနဲ့ မင်္ဂလာ၀တ်စုံ ဖြူဖြူလေးရယ်က လုံး၀ လိုက်ဖတ်နေသည်မှာ နတ်သတ်ကြွေတဲ့ နတ်သားတစ်ပါးအလား..............
လည်ပင်းစေ့ ဖဲပြားလေးနဲ့ ရင်ဖတ်မှာ ပန်းခြောက်လေးထိုးထားတဲ့ မင်းလိုအဖြူရောင်ကောင်လေးဟာ ဂါ၀န်ကားကားဆေးဆိုးပန်းရိုက် မျက်နှာနဲ့ မိန်းမတစ်ယောက်ထက်စာရင် ကိုယ့်လို အနက်ရောင် ၀တ်စုံနဲ့ ခန့်ညားတဲ့သူကပဲ မင်းနဲ့ လိုက်ဖတ်တာမဟုတ်လား....... Hyuniee....!
YOU ARE READING
𝗦𝗮𝗯𝗼𝘁𝗮𝗴𝗲..!! (U+Z) Completed
Fanfictionမှင်တစ်စက်စွန်းနေတဲ့ စာရွတ်အဖြူကို လိုက်ပြပြီး ဘာမြင်လဲမေးရင် လူတွေက အမည်းစက်တစ်စက်လို့ပဲ ဖြေကြလိမ့်မယ်...! ဧရိယာများများရှိ နေတဲ့ အဖြူရောင် ကို သူတို့မမြင်ကြဘူး...! အဲ့တော့ စွန်းနေတဲ့ မှင်တစ်စက်ကို လိုက်ပြီး စာလုံးတွေနဲ့ ဖြူနေတဲ့ စာရွက်အနှံ့ ရေးခြ...