Part 14
အခန်းတွင်းပျံ့ကျဲနေတဲ့ ပန်းအိုးကွဲစတွေနဲ့အတူ ခေါင်းအုံးမို့စ တွေနှင့် ပစ္စည်းတချို့ကို ပြန်လည်သိမ်းဆည်းပြီးတဲ့နောက် စောင်ပုံတွေထဲ နစ်မြုပ်နေတဲ့ မျက်နှာလှလှကို ငေးကြည့်နေမိသည်။
အရင်က တခုခုဆို သိပ်နှမြောတတ်တဲ့ မင်းက အခုတော့ဖြင့် ကိုယ့်အခန်းထဲက ပစ္စည်းတွေကို တစ်ခု မကျန်ဖျတ်ဆီးနေလိုက်တာ ..........
အင်း........ ကိုယ့်နှလုံးသားရော အပါအ၀င်ပေါ့ !!
မြတ်နိုးရာ မျက်နှာလေးကတော့ မခြောက်သေးတဲ့ မျက်ရည်စီးကြောင်းတို့နှင့်အတူ နှုတ်ခမ်းပါးငယ်က သွေးစို့နေသေးသည်။ ဒါဟာကိုယ့်ကြောင့်မဟုတ် ! ကိုယ်ကအမြတ်တနိုး နမ်းရှိုက်ခဲ့မိရုံမို့ ဒီလိုနာကျင်အောင် လုပ်သည်က သူ့ကိုယ်သူပဲ ဖြစ်နိုင်လိမ့်မည်။
လှုပ်နေတဲ့ မျက်ခွံမို့မို့ တွေက ကြောက်ရွံမှုကိုဖော်ပြနေသည်။ တောင်းပန်ပါတယ်ဆိုတဲ့စကားကို မင်းမကြိုက်မှန်းသိရက်နဲ့ ကိုယ်ထပ်ပြောရပြန်ဦးမယ် !
ဒေါသကြီးတတ်တဲ့ ကိုယ်က ဆိုးလွန်းတဲ့ မင်းကြောင့် ထိန်းလို့မရဖြစ်ခဲ့ရတယ် !!
ခုတော့ နှစ်ယောက်လုံး နာကျင်ရပြီ ထင်ရဲ့ .....
နဖူးပေါ်ဝဲကျနေတဲ့ ဆံပင်တချို့ကို Chanyeol သပ်ပေးလိုက်တော့ မျက်မှောင်လေးကျုံ့ကာ လှုပ်ရွလာသည်။
“ Byun ! ”
အမြတ်တနိုး ခေါ်မိတဲ့ နာမ်စားရဲ့ အဆုံးမှာ အမြဲ ပြန်ရတာက ကြောက်ရွံနေတဲ့ သူ့မျက်၀န်းတွေ....
ဟုတ်တယ် !! ဒါဟာ သိပ်နာကျင်ရတယ် !
ဘယ်လိုလုပ်မလဲ ဒီလမ်းကိုပဲ ကိုယ်တိုင်ရွေးခဲ့မိတာလေ ......မှေးနေရာမှ ဆက်ခနဲ ထလာတဲ့ သူက မကျေနပ် မုန်းတီးမှု အပြည့်နှင့်ကြည့်နေပြီး ကိုယ်နှင့်ဝေးရာသို့ တွန့်ဆုတ်လို့နေသည်။
“ Byun ! တစ်ခုခု စားပါလား ဗိုက်ဆာနေမယ် ”
Chanyeol စိတ်ပူစွာပြောနေပေမယ့် အချည်းနှီးစွာပင် Byun က နှုတ်ခမ်းပါးတို့ကို ကိုက်လို့ မျက်၀န်းကျဉ်းကျဉ်းတို့နဲ့ စူးရှစွာကြည့်နေသေးသည်။
YOU ARE READING
𝗦𝗮𝗯𝗼𝘁𝗮𝗴𝗲..!! (U+Z) Completed
Fanfictionမှင်တစ်စက်စွန်းနေတဲ့ စာရွတ်အဖြူကို လိုက်ပြပြီး ဘာမြင်လဲမေးရင် လူတွေက အမည်းစက်တစ်စက်လို့ပဲ ဖြေကြလိမ့်မယ်...! ဧရိယာများများရှိ နေတဲ့ အဖြူရောင် ကို သူတို့မမြင်ကြဘူး...! အဲ့တော့ စွန်းနေတဲ့ မှင်တစ်စက်ကို လိုက်ပြီး စာလုံးတွေနဲ့ ဖြူနေတဲ့ စာရွက်အနှံ့ ရေးခြ...