💥 29 💥

330 18 11
                                        

Part (29)

၃နှစ်တာ ကာလ အတွင်း Hyuniee ကို ကျတော် ပို၍တိုးလို့ချစ်ခဲ့သည်။
ဂေဟာမှာ မာသာတို့ပြတဲ့ ဇာတ်ကားထဲမှာ မင်းသားနဲ့ မင်းသမီးက ချစ်လို့၊ တစ်သက်လုံးအတူတူ ရှိချင်လို့ လက်ထပ်ကြတယ်လို့ မာသာကြီးကပြောဖူးတယ်။

Hyuniee ကိုမေးကြည့်တော့ Hyuniee ကလည်း ကျတော့်ကို ချစ်တယ်တဲ့လေ။
ကျတော် ကြီးလာရင် Hyuniee နဲ့ လက်ထပ်ဖို့ ပြောဦးမှပါ။

********

ယေးးးးး ဒီနေ့ ကျတော် တအားပျော်တာပဲ!!!!

Hyuniee ကပြောတယ် သူလည်း ကျတော်နဲ့ တူတူရှိချင်တာမလို့ ကျတော်နဲ့ လက်ထပ်မယ်တဲ့!
ဒီလိုဆို Hyuniee နဲ့ ကျတော်နဲ့ တစ်သက်လုံး တူတူနေရတော့မှာပေါ့နော် !!

အခုက ငယ်သေးလို့ လက်ထပ်လို့မရသေးဘူးဆိုတော့ ကျတော် ကြီးတဲ့အထိ စောင့်ရမယ်။
ဟုတ်တယ် ကြီးလာရင် ကျတော် Hyuniee ကို လက်ထပ်ပြီး စောင့်ရှောက်ရမယ်။

ဒီနေ့တော့ ပျော်လွန်းပြီး လက်တုန်နေလို့ ဒီလောက်ပဲဗျာ !!

*********

ဒီနေ့ ကျတော် တစ်မျိုးကြီး ခံစားရတယ်ဗျာ။

ဘာလို့မှန်းမသိဘူး!! နေဦး ကျတော်အရင်ပြောပြမယ်။
ဒီနေ့ Hyuniee မလာခင် Hyuniee အတွက် ကျတော် မာသာ့ဆီကတောင်းထားတဲ့ မုန့်ကို ကျတော့်ကို အမြဲအနိုင်ကျင့်နေကျ ၀တုတ်ကောင်က လာလုတယ်ဗျာ !

ကျတော့်မုန့်ကို လုရင်တော့မပြောလိုပါဘူး။ ခုဟာက Hyuniee အတွက်မုန့်ကိုမှ လာလုတော့ ကျတော်လည်း စိတ်တိုသွားပြီး အဲ့ ၀တုတ်ကို ရိုက်လိုက်တယ် ။ အဲ့ ၀တုတ်ကလည်း ကျတော့်ကို ပြန်ရိုက်တယ် ။ ဒီလိုနဲ့ ရန်ဖြစ်နေတဲ့ အချိန်မှာ Hyuniee က ရောက်လာပြီး ရန်မဖြစ်‌ဖို့ပြောတာကို ၀တုတ်ကောင်က Hyuniee ကိုတွန်းလိုက်တယ်လေ။

Hyuniee က ဖင်ထိုင်လျက်လဲကျသွားပြီး ခရုခွံကို လက်ထောက်မိတော့ လက်မှာရှပြီးသွေးထွက်သွားရော။ Hyuniee လည်း ငိုသွားရော ကျတော် တအား ဒေါသတေ‌ွထွက်ပြီး အဲ့၀တုတ်ကို ဖိနပ်နဲ့ လိုက်ရိုက်လိုက်တယ်။ အဲ့ ၀တုတ်က ထွက်ပြေးသွားပေမယ့် Hyuniee ကငိုနေတုန်းပဲ!!

Hyuniee ငိုနေတာကိုကြည့်ပြီး ကျတော်ပါ ငိုချင်လာမိတယ်။ ဗိုက်ထဲကလည်း တစ်ယောက်ယောက်က ဆွဲစုတ်ထားသလို နာတာကြီး....... မဟုတ်ဘူး......ဟိုလို ဗိုက်နာတာမျိုးမဟုတ်ဘူး.... ရင်ဖတ် ထင်တယ် အဲ့လို မျိုးကြီး နာလာတာ ဘာဖြစ်တာမှန်းမသိပေမယ့် Hyuniee တိတ်ဖို့ အရေးကြီးတာမို့ ဆေးထည့်ပေးပြီး အုံဖွ လုပ်ပေးလိုက်တယ်။

𝗦𝗮𝗯𝗼𝘁𝗮𝗴𝗲..!!  (U+Z) CompletedWhere stories live. Discover now