💥 22 💥

251 20 0
                                        

Part (22)

အိမ်ရှေ့တည့်တည့်က နှင်းဆီပင်တွေကြား  ပြေးလွှားနေတဲ့ ကောင်လေးတစ်ယောက်က အပြုံးတွေ‌ ဝေလို့ ကလေးလေးတစ်ယောက်နှယ် ပျော်ရွှင်နေလေသည်။

သူတစ်ယောက်တည်းလားဆိုတော့မဟုတ်!!! နှင်းဆီခင်းအပြင်ကနေ လက်ပိုက်ကြည့်နေတဲ့ ကောင်လေးကလည်း ပါးပြင်ပေါ်မှာ ပါးချိုင့် တွေ ထင်းကနဲနေအောင် ပြုံးလို့နေတော့သည်။

ထိုအရာကိုတော့ ဘေးနားက၀တ်စုံပြည့်နဲ့ လူတချို့က တောင့်တောင့်ကြီးရပ်လို့ ပါးစပ်အဟောင်းသားနှင့် သူတို့ ခေါင်းဆောင်ကို ကြည့်နေလိမ့်မပေါ့ ..........!

“ မောနေတော့မယ် Byun!! ”

အချိန်ကြာကြာရပ်ကြည့်နေပြီးနောက်မှာတော့ ပန်းခင်းထဲက ကောင်လေးကို တားလိုက်သည်က ဤ အိမ်ရဲ့ သခင်၊ တစ်နည်း Fire Dragon ရဲ့ ခေါင်းဆောင် Park Chanyeol  ဆိုသူ .........!

Chanyeol ပန်းခင်းထဲ လမ်းလျှောက်သွားရင်းပြောလိုက်တော့ ...........

“ ငါ......... ငါ ..... လွမ်းနေခဲ့တာ ...... ငါ ဒီလိုမျိုး အပြင် မထွက်ရဘဲ...... တစ်သက်လုံး ပိတ်လှောင် ခံရတော့မယ်ပဲ...... ထင်ခဲ့တာ ~ ဟင့် ! ”

အနားရောက်လာတဲ့ Chanyeol လက်မောင်းကိုဆွဲကိုင်၍ ငိုသံယဲ့ယဲ့လေးနဲ့တုံ့ပြန်လာသူကတော့ Park Chanyeol သိပ်ချစ်ပါသည်ဆိုတဲ့ Byun Baekhyun ပါပေါ့ .......!

“ Byun ရယ် ............. ”

မျက်နှာညိုး၍ ပြောလာသော Baekhyun ကြောင့် Chanyeol လည်း စိတ်မကောင်းစွာ Baekhyun ကိုယ်လေးကို ထွေးပွေ့လိုက်သည်။ စိတ်ထဲမှလည်း မျိုးစုံသော တောင်းပန်မှုတို့ဖြင့်...............

အဲ့လောက်တောင် သူခံစားခဲ့ရပါလား....... ဆိုတဲ့ အတွေးကြောင့် Chanyeol Baekhyun ကို တင်းကြပ်စွာ ပွေ့ဖတ်ထားမိပြန်သည်။ ကိုယ်တစ်ယောက်ပဲ ခံစားခဲ့ရတယ် ထင်ခဲ့ပေမယ့် တကယ်တော့ ချစ်ရသူရဲ့ ခံစားချက်ကို ထည့်မတွေးမိလိုက်တဲ့ Chanyeol မှားခဲ့ပြီ ထင်သည်။

“ ကဲပါ...... Byun! ဒီထပ်စိတ်၀င်စားစရာ နေရာတွေဆီ ထပ်သွားရအောင် ”

“ အွန်း!! ”

Chanyeol က ဖတ်ထားရင်းမှ ပြောလာတာကြောင့် Baekhyun ရင်ခွင်ထဲမှ ထွက်လိုက်ကာ ခေါင်းတဆက်ဆက် ငြှိမ့်ပြလိုက်သည်။

𝗦𝗮𝗯𝗼𝘁𝗮𝗴𝗲..!!  (U+Z) CompletedWhere stories live. Discover now