Part 9
“ မောင် ဘာပြောတယ်..? ”
စားသောက်ဆိုင်တစ်ခုအတွင်း ထွက်လာတဲ့ သူမရဲ့ အသံက အနည်းငယ် ကျယ်သွားတာကြောင့် ဘေးနားက လူတချို့က သတိထားမိလာပုံရသည်။
“ ဒါ.... ဒါက မဖြစ်နိုင် ဘူးနော်....မောင် ”
“ မောင်လည်း စိတ်ထင်တာကို ပြောကြည့်တာပါ။ အဲ့လိုခံစားမိနေလို့ ”
ဟိုတစ်နေ့က Chanyeol ဆိုတဲ့ လူနဲ့ ညစာစားပြီးနောက်ပိုင်းမှ Baekhyun ထိုလူအကြောင်းကို ပိုပြီး စိတ်၀င်စားလာရသလို ထိုလူနဲ့လည်း တစ်ခုခု ဆက်နွယ်မှုရှိနေသည်ကို ခံစားခဲ့ရသည်။
ထို့အပြင် အဲ့နေ့ညက အိပ်ခါနီးမှာ ထိုသူနဲ့ ဖုန်းပြောဖြစ်ခဲ့ကြသေးသည်။ အများကြီး သိပ်မစားခဲ့တာမို့ ဗိုက်၀ရဲ့လား.... အဆင်ပြေခဲ့ရဲ့လား..... နောက်ပြီး ကောင်းကောင်း အိပ်ပျော်စေမယ့် နည်းတွေ.... ဒါတွေကို သူ့ဘက်က ကိုယ့်ကို ဂရုတစိုက် မေးမြန်းပြောဆိုလာခဲ့သည်။
အစကတော့ အလိုက်သင့် ပြန်ပြောခဲ့တာပေမယ့် နောက်ပိုင်း စကားပြောဖြစ်ကြရင်း သူနှင့် ပိုပြီးရင်းနှီးလာခဲ့သည်။ နောက်ပြီး ထိုနေ့ညက အိပ်မက်တစ်ခု မက်ခဲ့သည်။
ဒီအိပ်မက်ဟာ မက်နေကျ အိပ်မက်တွေလိုမဟုတ်ဘဲ ထိုအိပ်မက်ထဲတွင် ထိုလူက တစ်ပိုင်းတစ်စပါ၀င်နေသည်။ သေချာ ပြန်စဉ်းစားကြည့်ရင် သူနဲ့ ကိုယ်ဟာ တစ်ချိန်ချိန်က ရင်းရင်းနှီးနှီး ဆုံခဲ့ဖူးကြသည်။ သို့သော် ဘယ်ချိန် ဘယ်နေရာမှာ ဆိုတာ အတိအကျ မသိရချေ။
စဉ်းစားလိုက်ပြီဆိုရင်တော့ ခေါင်းတွေ ထိုးကိုက်လာသည်။ ဒါဟာ အတိတ်မေ့နေသူတစ်ယောက်ရဲ့ လက္ခဏာတွေပဲမလား...!
ဒါပေမယ့် အတိတ်မေ့တယ်လို့ ဆိုရအောင်လည်း ဘာ accident မှ မဖြစ်ဖူးသလို မိသားစု၀င်တွေ ကိုယ့်အကြောင်းတွေကိုလည်း အကုန်သိရှိနေသည်။
ကြားဖြတ်မှတ်ဉာဏ်လေး တစ်ခုပဲ ပျောက်သွားတာများ ဖြစ်မလား ဆိုပြီး ဆရာ၀န်ဖြစ်တဲ့ သူမ နဲ့သာ Baekhyun တိုင်ပင် ဖြစ်ခဲ့သည်။
ခုချိန်ထိ သူမ ကတော့ မဖြစ်နိုင်ဘူး ငြင်းနေဆဲ......
သို့သော် ခံစားရတဲ့သူကလွဲ ဘယ်သူကများ အမှန်တရားကို သိနိုင်ပါ့မလဲ လေ.......!
YOU ARE READING
𝗦𝗮𝗯𝗼𝘁𝗮𝗴𝗲..!! (U+Z) Completed
Fanfictionမှင်တစ်စက်စွန်းနေတဲ့ စာရွတ်အဖြူကို လိုက်ပြပြီး ဘာမြင်လဲမေးရင် လူတွေက အမည်းစက်တစ်စက်လို့ပဲ ဖြေကြလိမ့်မယ်...! ဧရိယာများများရှိ နေတဲ့ အဖြူရောင် ကို သူတို့မမြင်ကြဘူး...! အဲ့တော့ စွန်းနေတဲ့ မှင်တစ်စက်ကို လိုက်ပြီး စာလုံးတွေနဲ့ ဖြူနေတဲ့ စာရွက်အနှံ့ ရေးခြ...