Part 7
**ခွမ်းးး**ဒုန်းး**
“ Chanyeol..!! တော်ပါတော့ကွာ... Chanyeol..! ”
စားပွဲပေါ်က ရှမ်ပိန်ပုလင်းကို နံရံသို့ ပစ်ပေါက်လိုက်ပြီး ထိုနံရံကို ခေါင်းနဲ့ ၀င်တိုက်နေသော Chanyeol ကို Sehun ရောက်လာပြီး အမြန်လှမ်းဆွဲလိုက်သည်။
“ လွှတ်စမ်း....! ”
“ မလွှတ်ဘူး.!! ငါကြည့်နေတာအကောင်းမှတ်နေလား....တော်တော့ ဟေ့ကောင် ”
** ခွမ်း** ဒုန်း** ခွမ်း **
“ မုန်းတယ် ...သူ့အပြုံးတွေကို မုန်းတယ်...ငါ့ကို မမှတ်မိတာကိုလည်းမုန်းတယ်....ငါ့ဆီက ထွက်ပြေးသွားတာကိုလည်း မုန်းတယ်ကွာ.!!! ”
** ခွမ်း **
ပါးစပ်မှလည်း ကျယ်လောင်စွာ အော်နေပြီး အခန်းထဲမှ ပစ္စည်းတွေကိုလည်း တစ်ခုမကျန် ပစ်ပေါက်ခွဲနေသည်။
ရဲရဲနီနေတဲ့ မျက်၀န်းတွေက မျက်ရည်တွေကြောင့် စိုစွတ်နေပြီး အတောမသတ်နိုင်တဲ့ ဒေါသကြောင့် ရင်အုပ်တစ်စုံက နိမ့်ချည်မြင့်ချည်....!
နံရံကို ထိုးထားတဲ့ လက်ခုံမှတော့ နီရဲနေ၍ သွေးအနည်းငယ်စို့နေသေးသည်။ဒေါသထွက်လာတိုင်း အသိစိတ်ပျောက်တတ်တဲ့ Chanyeol ရဲ့ အကြောင်းကို သိသည့်နှယ် Sehun က အနားမှာ ရှိကာထိန်းနေပေး၍ အများကြီး ထိခိုက်မှုတော့ရှိမနေ....သို့သော် တရိပ်ရိပ်နှင့် တတ်လာသော Chanyeol ရဲ့ ဒေါသတွေကိုတော့ ဖြေလျော့ဖို့ လိုနေပါသေးသည်။
“ Chanyeol.... ငါပြောတာနားထောင်ဦး.!! မင်း သူ့ကို တကယ်ချစ်တာလား .! ”
“ ဘယ်လိုမေးလိုက်တာလဲ.. ငါသူ့ကိုမချစ်ပဲနေမလားး ချစ်တာထက်ကိုပိုတယ်.!! ဒါကြောင့်မို့ ငါသူ့ကို ၁၅ နှစ်လုံးလုံး လိုက်ရှာနေခဲ့တာ....!! အဲ့လိုလိုက်ရှာနေပြီးမှ ပြန်ရလိုက်တဲ့ ရလဒ်က .....တောက်ခ် .!! ”
** ခွပ် **
ပြောနေရင်းမှ ပင် Chanyeol နံရံသို့ လက်သီးတစ်လုံး ပစ်ထိုးလိုက်ပြန်သည်။
“ မင်းကသူ့ကို အရမ်းစွဲလမ်းနေလို့ သူ့ကိုခုချိန်ထိ မမေ့နိုင်တာလေ တကယ်တော့ ၁၅နှစ်ဆိုတဲ့ အချိန်က လူတစ်ယောက်ကို မေ့ပစ်လိုက်ဖို့ လုံလောက်တယ် Chanyeol ”

YOU ARE READING
𝗦𝗮𝗯𝗼𝘁𝗮𝗴𝗲..!! (U+Z) Completed
Fanficမှင်တစ်စက်စွန်းနေတဲ့ စာရွတ်အဖြူကို လိုက်ပြပြီး ဘာမြင်လဲမေးရင် လူတွေက အမည်းစက်တစ်စက်လို့ပဲ ဖြေကြလိမ့်မယ်...! ဧရိယာများများရှိ နေတဲ့ အဖြူရောင် ကို သူတို့မမြင်ကြဘူး...! အဲ့တော့ စွန်းနေတဲ့ မှင်တစ်စက်ကို လိုက်ပြီး စာလုံးတွေနဲ့ ဖြူနေတဲ့ စာရွက်အနှံ့ ရေးခြ...