💥 4 💥

361 33 0
                                    

Part - 4

“ အားးးး..!! ”

စူးရှ ကျယ်လောင်တဲ့ အသံကို အော်ဟစ်ပြီးနောက်မှာ Baekhyun အိပ်ယာပေါ်သို့ ထထိုင်လိုက်မိသည်။

ရေချိုးထားသလို ရွှဲစိုနေတဲ့ ချွေးတွေနဲ့အတူ နိမ့်ချည်မြင့်ချည်ဖြစ်နေတဲ့ Baekhyun ရဲ့ ရင်ဘတ်အစုံက ဘယ်လောက်တောင် ခြောက်ခြားနေမိသည်ဆိုတာကို ဖော်ပြလို့နေသည်။

ဒီ.....ဒီအိပ်မက်.......!
Baekhyun ကိုနေ့နေ့ ညည နှောက်ယှက်နေတတ်တဲ့ ဒီ အိပ်မက်ဆိုးမျိုး....!

ဒီလို ညမျိုးမှာ ထပ် မက်ခဲ့ပြန်လေသည်။

ငယ်ငယ်ကတည်းက......အင်းးး ငယ်ငယ်ကတည်းက ဆိုတာ ဘယ်အချိန်ကလို့တော့... Baekhyun တိကျစွာမမှတ်မိတော့...!

သေချာ‌တာကတော့ ဒီလို အိပ်မက်ဆိုးမျိုးက ဟိုးအရင်က နှစ်ပေါင်းများစွာ ညတိုင်းနီးပါး မက်ခဲ့ ဖူးတာတော့ သေချာလေသည်။

ဒီ အိပ်မက်ကို မက်ပြီးတိုင်း အမည်မသိတဲ့ ခံစားချက်က တိုး၀င်လာကာ အိပ်မက်ထဲမှာ Baekhyun နာမည်ကိုခေါ်တဲ့ ‘ Hyuniee ’ ဆိုတဲ့ အသံနက်ကြီးက ထိတ်လန့်ခြောက်ခြားဖွယ်ကောင်းလှပါသည်။

ထို့အပြင် ဒီလို တူညီတဲ့ အိပ်မက်ကိုပဲ ထပ်တလဲလဲ မက်နေခဲ့ပြီး အိပ်မက်က လန့်နိုးလာရင်လည်း ဒီလိုမျိုး အမည်မသိ ခံစားချက်ကြီးအပြင် ပါးပြင်ပေါ်သို့ နေရာယူနှင့်နေတဲ့ မျက်‌ရည်စီးကြောင်းတွေက တူညီနေဆဲ...!

သို့သော် ဒီလို အိပ်မက်မျိုးကို မမက်တော့တာတော့ အလွန်ကြာနေပြီဖြစ်သည်။ စိတ်အထင်အရ တစ်နှစ်ကျော်လောက် ရှိပြီထင်..!

ဒါကို ဘာကြောင့် ဒီညကျမှ အခုလို ခြောက်ခြားဖွယ် ထပ်မက်ရသည်လဲ....?

“ သားးး..! ”

**ဒေါက်...ဒေါက်...ဒေါက်**

ရုတ်တရတ် တံခါးကို လာခေါက်တဲ့ အသံကြောင့် Baekhyun တံခါးတွေဆီသို့ လှမ်းကြည့်လိုက်သည်။

“ တံခါး ဖွင့်ပါဦး... သားးး.!! ”

Baekhyun ထကာ တံခါးသွားဖွင့်ပေးလိုက်တော့.......

“ သားလေး..!! မေ့မေ့ သားလေး ဘာဖြစ်လို့လဲကွယ် အဆင်ပြေရဲ့လား..!! ဟင်..? ”

𝗦𝗮𝗯𝗼𝘁𝗮𝗴𝗲..!!  (U+Z) CompletedWhere stories live. Discover now