Part (28)
“ ပစ်လေ!! ပစ်စမ်းပါ Byun!! ပစ်လိုက်”
“ ဟင့်အင်း ငြိမ်ငြိမ်နေပါ...... မလုပ်........”
** ဒိုင်းးးးး **
လူနှစ်ယောက်ကြားထဲ ရုန်းရင်းဆန်ခတ်ဖြစ်နေလေတဲ့ သေနတ်ဟာ ဘယ်သူ့ကြောင့်မှန်းသေချာမသိရပါဘဲနှင့် ကျည်ဆန်တစ်ထောင့်ထုတ်လွှတ်မိသည်
ခပ်နွေးနွေး ကျည်တစ်ထောင့်ဟာ နီးကပ်နေသော ရင်အုပ်တစ်စုံကို ခပ်တည့်တည့်တိုး၀င်၏ ~ !!
ရဲရဲနီသော သွေးတို့သည် စားပွဲခုံပုလေးပေါ် တင်ထားသော စာအုပ်နွမ်းလေးပေါ်သို့ ခပ်ကျဲကျဲစင်ကုန်သည်။
ထိုချိန်မှာတင်ပဲ လူတစ်ယောက်ဟာ ဝဲဖတ်ရင်အုံကို ဖိကိုင်ရင်းပြိုလဲလေသည်။
နောက်လူတစ်ယောက်၏ နှလုံးသားသည်လည်း လက်နက်ရဲ့ ပယောဂမပါလိုငြား တပြိုင်နက်တည်း ပြိုလဲ၏။
“ Chanyeol.....!!!!!! ”
ကျယ်လောင်သော သေနတ်သံ ထွက်ပြီးသည်နှင့် ဆက်ထွက်လာသော Baekhyun ရဲ့ အော်သံမှာ နာကျင်မှုတွေအပြည့် !!
ရုန်းရင်းကန်ရင်း မတော်တဆ ပစ်လိုက်မိသောကြောင့် ရှေ့တည့်တည့်က Chanyeol ရဲ့ ရင်ဖတ်တည့်တည့်သို့ ထိမှန်သွားတာမို့ ရဲရဲနီသော သွေးတို့နဲ့ အတူ Chanyeol လဲကျသွားသည်။
“ Chanyeol ah ဟင့်အင်း ~~ မဖြစ်ရဘူး........ အဲ့လိုမဖြစ်ရဘူးးးး ~ Chanyeol ah ...... မင်း ဘာလို့ အဲ့လိုလုပ်လိုက်ရတာလဲ ~~ ”
လဲကျသွားတဲ့ Chanyeol ကို အပြေးထွေးပွေ့ထားရင်း Baekhyun မျက်ရည်တွေကြားမှ ပြောမိသည်။
“ B..... Byun ~~ အဟွတ် !! ”
ခပ်တိုးတိုး အသံထွက်လာပြီးနောက်မှာတော့ Chanyeol သွေးတစ်ပွက်အန်ထုတ်လိုက်သည်။
“ အဟင့် ..... Chan.... Chanyeol ah... ငါ....ငါ ဆေးရုံကား ~~ ခေါ်လိုက်မယ်..... မင်း ဘာမှ မဖြစ်ရဘူးနော် ~ မင်း..... ဘာမှ မဖြစ်ရဘူး!! ”
မျက်ရည်တွေ အဆက်မပြက်စီးကျရင်း တုန်ရီကာပြောနေသော Baekhyun ကြောင့် Chanyeol အနည်းငယ်ပြုံးလိုက်ကာ ခေါင်းခါမိသည်။ သွေးတွေနဲ့ ရဲနေသော လက်တစ်ဖတ်မှ Baekhyun ရဲ့ ပါးနုနုကို ကြိုးစား အုပ်ကိုင်ရင်း ..........
YOU ARE READING
𝗦𝗮𝗯𝗼𝘁𝗮𝗴𝗲..!! (U+Z) Completed
Fanfictionမှင်တစ်စက်စွန်းနေတဲ့ စာရွတ်အဖြူကို လိုက်ပြပြီး ဘာမြင်လဲမေးရင် လူတွေက အမည်းစက်တစ်စက်လို့ပဲ ဖြေကြလိမ့်မယ်...! ဧရိယာများများရှိ နေတဲ့ အဖြူရောင် ကို သူတို့မမြင်ကြဘူး...! အဲ့တော့ စွန်းနေတဲ့ မှင်တစ်စက်ကို လိုက်ပြီး စာလုံးတွေနဲ့ ဖြူနေတဲ့ စာရွက်အနှံ့ ရေးခြ...
