💥 30 💥 FINAL 💥

709 30 23
                                        

Part (30) FINAL

မြစ်လေတဖြူးဖြူးက လန်းဆန်းစေရန်အလို့ငှာ လတ်ဆတ်သောရနံ့နှင့်အတူ နှာဖျားဆီသို့ ကျီစယ်၏။ နာရီ နဲ့ချီပြီး လေယာဉ် စီးလာရတဲ့ လမ်းခရီးကြောင့် အနည်းငယ်ပင်ပန်းမှုတွေက လေအဝှေ့မှာတင် ပျောက်ကွယ်၏။

အမိမြေကနေ ပထမဆုံး ထွက်လာပြီး တခြားနိုင်ငံမှာ ခြေချလိုက်ပေမယ့် ရင်ထဲက မကျက်သေးတဲ့ ဒဏ်ရာကတော့ သွားလေရာ လိုက်နေမည်ထင် !!

၀တ္ထုဇာတ်လမ်းတွေထဲကလို “ 18 years later ” လို့ စာတန်းထိုးပြီး ဒီအခြေအနေကို ရုတ်တရတ်ကြီး ရောက်လာခဲ့ရတာမဟုတ်လေတော့ ဆို့နင့်ဖွယ်ခံစားချက်တွေကလည်း ဆယ်စုနှစ်ကြာတဲ့အထိ နာကျင်စွာ မပြောင်းမလဲ ........

အရာအာလုံးကို မေ့ပစ်လိုက်ပြီလို့ ပြောရင်လိမ်ရာကျမှာပေါ့ !!
ဘယ်လောက်တောင် နှလုံးသားကြီးစုတ်ပြတ်သတ်သည်အထိ ကြုံတွေ့ခဲ့ရတဲ့ ခြောက်ခြားဖွယ်ရာတွေ မလို့လဲ.??

ခုနေများ တစ်ယောက်ယောက်က အိပ်မွေ့ချပြီး မေ့ပစ်လိုက်ပါ ပြောလာရင်တောင် Baekhyun မေ့ပစ်နိုင်တော့မည်မထင်တော့ ......!

ဆယ်စုနှစ်ကြာတဲ့ အဖြစ်အပျက်တွေဟာ မနေ့တနေ့ကလို့ ခေါင်းထဲမှာ အစီအရီ ~ !
ကြင်နာသူရဲ့ မှေးမှိတ်သွားတဲ့ မျက်၀န်းတွေ ......
သူပေးခဲ့ဖူးတဲ့ နှင်းဆီနီတွေ........
ထိတွေ့ခဲ့ဖူးသော အနမ်းတွေ .......

ဒါတွေဟာ ၁၈နှစ်ကြာတဲ့အထိ Baekhyun အနေနဲ့ နေ့တိုင်း အမှတ်ရနေမိတယ် ဆိုတာ ပြောပြရင် ယုံမလား?

ရင်ထဲမှာ ဗလောင်ဆူနေတဲ့ ခံစားချက်တွေကိုတော့ ငယ်ရွယ်စဉ်က‌လို မျက်ရည်တွေနဲ့ ဖော်ပြနေတော့မှာမဟုတ် ~
အသက် ၄၀ကျော်အထိ Byun Baekhyun ဆိုသူမှာ မျက်ရည်တွေ ကုန်ခမ်းခဲ့သည်မှာကြာခဲ့ပြီ!

ရှပ်အင်္ကျီအဖြူ၊ စတိုင်ဘောင်းဘီနဲ့ ခဲဖြူရောင်ဆံနွယ်တွေ ကလွဲ Baekhyun ဟာ အရာရာမပြောင်းလဲခဲ့သလို Baekhyun ရဲ့ နှလုံးသားကလည်း သူ့ထံမှာသာ ချိတ်ပိတ်လိုက်ပြီမို့ ရွယ်တူ‌သူငယ်‌ချင်းတွေက သူ့အိုးအိမ်သူ ထူထောင်ပြီးချိန်မှာတောင် Baekhyun ဟာ ခုချိန်ထိ ဘ၀ကို တစ်ယောက်ထဲ ဖြတ်သန်းမိနေတုန်း!

𝗦𝗮𝗯𝗼𝘁𝗮𝗴𝗲..!!  (U+Z) CompletedWhere stories live. Discover now