Part (25)
( မေ့နေ့ရင် ရှေ့ကပြန်ဖတ်နော်။ ကျမလည်း ပြန်ရေးဖို့ ရှေ့က ပြန်ဖတ်လိုက်ရတယ် 🥲ဟဲဟဲ )
မြက်ခင်းတွေပေါ် ခပ်သွက်သွက် လျှောက်နေရင်းက ဦးတည်ရာနေရာသို့ ရောက်သွားတဲ့ အခါမှာ Chanyeol မျက်လုံးပြူးသွားမိသည်။
တရုတ်ပြည်ကို ပို့ဖို့အတွက် သေချာထုတ်ပိုးထားပါသော လက်နက်ပစ္စည်းတချို့နှင့် မူးယစ်ဆေးအနည်းငယ်က ဂိုဒေါင်ထဲမှာ ကြည့်မကောင်းလောက်အောင် ယိုယွင်းပျက်ဆီးလို့နေ၏။
**တောက်**
Chanyeol လက်သီးကို ကျစ်ကျစ်ဆုပ်၍ ကျယ်လောင်စွာ တောက်ခေါက်လိုက်သည်။
ဘေးနားက Sehun ကို ကြည့်မိတော့ ခါးထောက်ရင်း မျက်ခုံးတွေ တွန့်ချိုးထားလေသည်။
ဂိုဒေါင်အစောင့်တွေကို အကြည့်ပို့မိတော့ ခေါင်းကို ငုံ့ထားရင်းကပင် မျက်နှာပျက်လို့နေကြ၏။
“ ကျစ်* မင်းတို့တွေ စောက်သုံးကိုမကျဘူး !! ”
Chanyeol ဂိုဒေါင် အစောင့်တစ်ယောက်ရဲ့ လည်ပင်းက အင်္ကျီစကို ဆွဲကိုင်ကာဆွဲထိုးရန်လုပ်တော့ ကြားထဲကနေ ၀င်တားလာသူက Sehun...!
“ နေဦး! ငါပြောတာနားထောင်။ ဒီပစ္စည်းတွေက ပွဲပြီးခါနီးအထိ ကို ဘာမှမဖြစ်သေးဘူး။ ဒီကောင်တွေလည်း ဒီမှာပဲ စောင့်နေကြတာ သူတို့ အထဲတောင် မ၀င်ကြဘူး ”
“ အာ့ဆို ဘာကိစ္စ ဒီလိုမျိုး...........”
“ Baekhyun!! ”
“ ဟင်? ”
Sehun နှုတ်မှ ထွက်လာတဲ့ နာမည်တစ်ခုကြောင့် Chanyeol မျက်ခုံးတွေကို တွန့်ချိုးလိုက်သည်။
“ Baekhyun ဒီကိုလာသွားတယ် ! မနက်ဖြန် တင်မယ့် ပစ္စည်းတွေကို သူကိုယ်တိုင်စစ်မယ်ဆိုပြီး ၀င်ကြည့်သွားတယ်။ အဲ့အချိန်ကတည်းက CCTV မှတ်တမ်းတွေ ပျက်သွားတော့တာပဲ ! ဒီကိစ္စမှာ အဖြစ်နိုင်ဆုံး လူက ............”
“ ဒါတွေရှင်းလိုက် !! ”
Sehun စကားကို ဆုံးအောင် နားမထောင်တော့ဘဲ Chanyeol ဂိုဒေါင်ကို ကျောပေးလိုက်ကာ ခါးထောက်၍ ပြောလိုက်သည်။
YOU ARE READING
𝗦𝗮𝗯𝗼𝘁𝗮𝗴𝗲..!! (U+Z) Completed
Fanfictionမှင်တစ်စက်စွန်းနေတဲ့ စာရွတ်အဖြူကို လိုက်ပြပြီး ဘာမြင်လဲမေးရင် လူတွေက အမည်းစက်တစ်စက်လို့ပဲ ဖြေကြလိမ့်မယ်...! ဧရိယာများများရှိ နေတဲ့ အဖြူရောင် ကို သူတို့မမြင်ကြဘူး...! အဲ့တော့ စွန်းနေတဲ့ မှင်တစ်စက်ကို လိုက်ပြီး စာလုံးတွေနဲ့ ဖြူနေတဲ့ စာရွက်အနှံ့ ရေးခြ...