Part 6
Seoul မြို့ရဲ့ လူသူမဲ့နေတဲ့ လမ်းကြားတစ်ခု..!!
ထိုလမ်းကြားထဲမှ Hoodie အမည်းကို ၀တ်ဆင်ထားပြီး ဦးထုပ်ကို ငိုက်စိုက်ဆောင်း ထားတဲ့ လူတစ်ယောက်ကတော့ လက်ကြားထဲမှာ စီးကရတ် တစ်လိပ်ကို ညှပ်ထားလို့.....!
စူးရှတဲ့ မျက်လုံးများကတော့ နေရာတိုင်းကို လိုက်လံ ကစားလို့နေသည်။
“ Chanyeol ah.. ထွက်လာပြီတဲ့ ”
ထိုစဉ် နားထဲမှာ ထည့်ထားတဲ့ Bluetooth မှ တစ်ဆင့် သတိပေးသံကိုကြားလိုက်ရသည်။
“ အင်း။ ငါရောက်နှင့်နေပြီ ”
Chanyeol ပါးစပ်လေး လှုပ်ရုံပြန်ဖြေလိုက်ပြီး ကုန်ခါနီး ဆေးလိပ်တိုလေးကို တစ်ချက် ဖွာလိုက်ကာ မြေပြင်ပေါ်သို့ ပစ်ချ၍ တတ်နင်းလိုက်သည်။
ထို့နောက် မီးသေသွားသော စီးကရတ်ကို ကြည့်ရင်း အတွေးတချို့ က ခေါင်းထဲ ၀င်ရောက်လာတာကြောင့် တည့်တန်းနေတဲ့ မျက်ခုံးတစ်စုံကို တွန့်ချိုးမိလိုက်သည်။
အပြုံးး...!! အရင်က ချိုမြိန်လွန်းခဲ့တဲ့ ကိုယ့်အတွက် အပြုံးတွေဟာ အခုမှာတော့ သူစိမ်းဆန်သွားခဲ့ပြီ။
သူ့ဆီက အပြုံးပါပဲ.........
ကိုယ့်ကိုယ် ပြုံးပြတဲ့ အပြုံးတွေပါပဲ......
သို့သော်......ကိုယ်နှစ်သက်ခဲ့တဲ့ အပြုံးတွေတော့ မဟုတ်ပါ။ဘာမှ မဖြစ်ခဲ့သလိုမျိုး နှုတ်ဆက်တဲ့ သူစိမ်း ဆန်ဆန် အပြုံးတွေ......
ဒီအပြုံးတွေကို သိပ်မုန်းသည်။**တောက်**
Chanyeol တောက် တစ်ချက်ခေါက်လိုက်ကာ နောက်ကျောမှီထားသော နံရံကို ခေါင်းနှင့်နောက်ပြန်စောင့်လိုက်သည်။
ထို့နောက် Sehun ပြောဖူးသော စကားကို တဖန်အမှတ်ရမိသေးသည်။
“ မင်းသူ့ကို မှတ်မိအောင် အတင်းလုပ်မယ်ဆိုလည်း ဟိုက မင်းကို ပိုမုန်းသွားဖို့ပဲရှိမယ်။ မမှတ်မိတဲ့အတူတူ မင်းသူ့ကို လူသစ်တစ်ယောက်အနေနဲ့ လိုက်ကြည့်ပါလား ”
အစက Hyuniee ရင်ထဲမှာ ကိုယ်အမြဲရှိနေရ မယ်ဆိုတဲ့ အတ္တကြောင့် Sehunရဲ့ အကြံကို သဘောမတူချင်ခဲ့ပေမယ့် အခုတော့ အဲ့လိုလိုက်လုပ်မှပဲ ရတော့မည်ထင်သည်။
![](https://img.wattpad.com/cover/289007508-288-k762703.jpg)
YOU ARE READING
𝗦𝗮𝗯𝗼𝘁𝗮𝗴𝗲..!! (U+Z) Completed
Fanfictionမှင်တစ်စက်စွန်းနေတဲ့ စာရွတ်အဖြူကို လိုက်ပြပြီး ဘာမြင်လဲမေးရင် လူတွေက အမည်းစက်တစ်စက်လို့ပဲ ဖြေကြလိမ့်မယ်...! ဧရိယာများများရှိ နေတဲ့ အဖြူရောင် ကို သူတို့မမြင်ကြဘူး...! အဲ့တော့ စွန်းနေတဲ့ မှင်တစ်စက်ကို လိုက်ပြီး စာလုံးတွေနဲ့ ဖြူနေတဲ့ စာရွက်အနှံ့ ရေးခြ...