Part - 17
**ဒုန်း...ဒုန်း...ဒုန်း **
“ အားးးးဗိုက်နာတယ် !! ဗိုက်နာတယ်လို့ မကြားကြဘူးလား ??? ”
**ဒုန်း...ဒုန်း....ဒုန်း**
တံခါးကို အတင်းထုရိုက်နေကာ အထဲမှလည်း အော်နေတာကြောင့် အခန်းရှေ့က လူတချို့ ပြေးပြေးလွှားလွှားနဲ့ အလုပ်ရှုပ်ကုန်ကြသည်။
“ အဟင့် ဗိုက်နာတယ် ! တအား နာနေတယ် လို့ ဆို ”
ဗိုက်ကို ဖိထားကာ တံခါးကိုမှီရင်း ထပ်အော်မိတော့ .........
“ ဟိုကောင်ကလည်း ဆရာကိုခေါ်တာ ခုထိ ပြန်မလာသေးဘူး။ ခဏနော်ဗျ အထဲက အကိုလေး.... ဆရာ့ကိုသွားခေါ်နေပါတယ် !! ”
အပြင်ကနေ ထိုသို့ တုန့်ပြန်လာသည်။
Baekhyun နှုတ်ခမ်းပေါ်က မှဲ့နက်လေးတွေ ကော့တတ်သွားသည်အထိ ပြုံးမိလိုက်ပြီး......
“ အားးးးနာတယ် !! အရမ်းနာတယ် ...! ”
အခန်းတံခါးနားမှာသာ ထိုင်အော်နေမိသည်။
ခဏနေတော့ လှေကားကိုတဝုန်းဝုန်းနဲ့ တတ်လာတဲ့ အသံကိုကြားလိုက်ရသည်။
ထို့ကြောင့် တံခါးအပေါက်၀ နားမှာ ခွေခွေလေးထိုင်လိုက်ကာ ဗိုက်ကို ဖိနှိပ်ရင်း ထပ်မံ အသံပြုလိုက်သည်။
“ အားးးအဟင့် !! ဗိုက်အရမ်းနာတယ် ... ”
**ဝုန်း**
တံခါးကို ဝုန်းခနဲ ဆွဲဖွင့်လိုက်သံအပြီးမှာ ၀င်လာတဲ့ သူကတော့ ထိုသူ၊ Park Chanyeol ဆိုသော မုန်းရသူပင် !
“ ဘာဖြစ်တာလဲ Byun ”
အပေါက်၀မှာထိုင်နေတဲ့ Baekhyunနားသို့ ထိုင်လိုက်ကာ ပခုံးကို ကိုင်လို့မေးလာလေသည်။
“ ငါ ..... ဗိုက်အရမ်းနာ နေတယ် အ့ ”
ဗိုက်ကို ဖိနှိပ်ကာ မျက်ရည်များညှစ်ချရင်း လေသံဖျော့ဖျော့နဲ့ ပြောလိုက်တော့ ထိုလူထံမှ စုတ်သတ်သံ ထွက်ပေါ်လာလေသည်။
“ ကျစ်* ဘယ်လိုဖြစ်ရတာလဲကွာ ! လာ ထ ကိုယ်ထူပေးမယ် ”
ပခုံးကနေသိုင်းဖတ်ရင်း ဆွဲထူလာတာမို့ နီးကပ်နေတဲ့ အနေအထားအရ ထိုသူကိုတစ်ချက်ကြည့်လိုက်မိသည်။
YOU ARE READING
𝗦𝗮𝗯𝗼𝘁𝗮𝗴𝗲..!! (U+Z) Completed
Fanfictionမှင်တစ်စက်စွန်းနေတဲ့ စာရွတ်အဖြူကို လိုက်ပြပြီး ဘာမြင်လဲမေးရင် လူတွေက အမည်းစက်တစ်စက်လို့ပဲ ဖြေကြလိမ့်မယ်...! ဧရိယာများများရှိ နေတဲ့ အဖြူရောင် ကို သူတို့မမြင်ကြဘူး...! အဲ့တော့ စွန်းနေတဲ့ မှင်တစ်စက်ကို လိုက်ပြီး စာလုံးတွေနဲ့ ဖြူနေတဲ့ စာရွက်အနှံ့ ရေးခြ...
