💥 20 💥

284 25 2
                                        

Part (20)

ရေစိုနေသာ ခဲရောင်ဆံပင် တချို့ကို Dryer  နှင့် မှုတ်ကာ အခြောက်ခံလိုက်သည်။ သွေ့သွေ့ခြောက်သွားသော ဆံပင်တွေက လေထဲမှာ တဝှေ့ဝှေ့နှင့် ယိမ်းနေ၏။

စက်ကို ပြန်ပိတ်လိုက်ပြီး ဆံပင်ကို သပ်သပ်ရပ်ရပ် ဖြီးလိုက်ကာ ကြည့်ကောင်းလောက်သော အနေအထားသို့ ပြန်ပြင်လိုက်၏။

ထို့နောက် eye liner ချောင်းလေးကို ကောက်ယူကာ မျက်ရစ်မရှိသော မျက်ခွံမို့မို့ပေါ်သို့ ဖြေးဖြေးချင်းရေးဆွဲလိုက်၏။ စူးရှနေတဲ့ မျက်၀န်းကျဉ်းကျဉ်းတွေက eye liner  အကူအညီကြောင့် ပို၍ တောက်ပနေသလို ...........

မျက်၀န်းတွေအပြီးမှာတော့ နီရဲရဲ နှုတ်ခမ်းနီတောင့်ကို ယူလိုက်ကာ နှုတ်ခမ်းပါးပေါ်သို့ ထူထူလေး ထပ်ဆိုးလိုက်၏။ နီရဲသွားတဲ့ နှုတ်ခမ်းပါးတို့က ဖြူ၀င်း၀င်း အသားရည်နဲ့ လိုက်ဖတ်စွာပင် လှပမှုကို ဖော်ဆောင်နေ၏။

ဆေးရောင်မလိုတဲ့ နှုတ်ခမ်းသားတွေကို တမင် ဆေးရောင်တင်ရခြင်းအကြောင်းကတော့ အနမ်းတို့ရဲ့ အကာအရံ ဖြစ်စေသော သဘောသက်သက်သာ.................

မချစ်မနှစ်သက်သူကို မွတ်သိပ်စွာနမ်းရှိုက်ဖို့အတွက် ကူညီပေးတဲ့ ကြားခံနယ် နှုတ်ခမ်းနီတောင့်လေးကတော့ မရှိမဖြစ်မို့ Baekhyun အနေနဲ့ ဂျာကင် အိတ်ထဲကို အသေအချာ ထည့်သိမ်းလိုက်သည်။

ဗီဒိုပေါ်မှာ တင်ထားတဲ့ တလတ်လတ် ဆွဲကြိုးလေးကို မျက်နှာပေါ် ဖြတ်တင်လို့ အပြီးမှာတော့ ဒီညအတွက် တစ်ယောက်သောသူကို စောင့်ဖို့ရာ လုံလောက်သွားလေပြီ ဖြစ်သည်။

Baekhyun ပြောင်းလဲခဲ့သည်။ ကြီးကျယ်သော ပြောင်းလဲမှုမျိုး....... မထင်မှတ်တဲ့ ပြောင်းလဲမှုမျိုးဖြင့် အရေခွံလဲလိုက်သလိုကို ပြောင်းလဲနိုင်ခဲ့သည်။

ဒါတွေဟာ ဘာကြောင့်လဲ .........?
ဘာကြောင့် ဒီလို ဆုံးဖြတ်ခဲ့မိတာလဲ .......?

အကြောင်းအရင်းက သေချာပေါက်ပင် Park Chanyeol  ဆိုသောလူ ....!!

သိပ်မုန်းဖွယ် ဒီလူ့လုပ်ရပ်တွေဟာ Baekhyun အတွက် ဒီလိုအခြေအနေထိပြောင်းလဲသွားစေဖို့ နာကျည်းမှုတွေ ၊ တွန်းအားတွေ ဖြစ်စေခဲ့သည်။

𝗦𝗮𝗯𝗼𝘁𝗮𝗴𝗲..!!  (U+Z) CompletedWhere stories live. Discover now