Part - 2
ပင်လယ်ပြင်ရဲ့ လှိုင်းခတ်သံက သဲသောင်ဖုံးတဲ့ ကမ်းခြေအနီး ကျယ်လောင်စွာထွက်ပေါ်လို့..!
လေအဝှေ့တစ်ချက်မှာတောင် လွင့်သွားခြင်းမရှိတဲ့ ပန်းရောင် ဆံနွယ်တွေက ဂျယ်နဲ့ သပ်ရပ်စွာ လှန်တင်ထားလို့ဖြစ်ပါလိမ့်မည်။ သို့သော် အနားက ကောင်လေးတစ်ယောက်ရဲ့ ဆံနွယ် နက်နက်တွေကတော့ လှုပ်ခါလို့ပေါ့...
“ မင်းအထက်တန်းအောင်ပြီဆိုတော့ ဘာလုပ်ဖို့ စိတ်ကူးထားလဲ ”
Chanyeol ရဲ့ အမေးကြောင့် ဘေးနားက Luhan က ခပ်ရဲ့ရဲ့လေးပြုံးလိုက်သည်။
“ ကျတော့် စိတ်ကူးဆိုရင်တော့ တက္ကသိုလ် တတ်ချင်တာပေါ့။ ဒါပေမယ့်လည်း ကျတော့်လို မိဘမဲ့တစ်ယောက်က ဘယ်ကအထောက်အပံ့နဲ့ များ ကျောင်းတတ်ရမှာလဲ။ အထက်တန်းအောင်ဖို့အတွက် ဂေဟာကနေ ယူတဲ့ အကူညီတောင် တော်တော် များနေပြီမလား ..! ဟူးးး မွေးစားမယ့်သူကလည်း မရှိတော့....”
ရှည်လျားတဲ့ စကားတစ်ခွန်းကို သက်ပြင်းချ ညည်းတွားသံ တချို့နဲ့ အဆုံးသတ်လိုက်တဲ့ Luhan က ဂျယ်ဂျူဒိုရဲ့ ချို့တဲ့ တဲ့မိဘမဲ့ဂေဟာက ကောင်လေးတစ်ယောက်ပါပင်..!
“ အဲ့တော့ မင်းက ဘာဆက်လုပ်မှာလဲ ”
ကမ်းစပ်ရဲ့ သဲသောင်ပြင်တွေကို တိုက်စားသွားတဲ့ ပင်လယ်ရေတွေအား တစ်ချက် ကြည့်ရင်း Chanyeol ထပ်မေးလိုက်သည်။
“ ဂေဟာကနေ ထွက်ဖို့လုပ်မယ် ပြီးရင် အလုပ်၀င်လုပ်မယ် ရတဲ့ ပိုက်ဆံနဲ့ ဂေဟာကို နိုင်သလောက် ပြန်ထောက်ပံ့မယ်... စစချင်းတော့ မတတ်နိုင်ပေမယ့် အချိန်တစ်ခုကြာရင်တော့ တတ်နိုင်မယ်ထင်တာပဲ ”
ထိုကောင်လေးရဲ့ အဖြေကို သိပ်သဘောမကျဟန် မျက်မှောင်ကျုံ့လိုက်ပြီးတော့မှ Chanyeol ထပ်မေးလိုက်သည်။
“ မင်းရဲ့ ရည်မှန်းချက်ကရော ဘာလဲ ”
“ ရည်မှန်းချက်ကတော့ ကိုရီးယားတက္ကသိုလ် မှာ ကျွမ်းကျင်အောင် သင်ယူတတ်မြောက်ပြီး ကိုရီးယား ဘာသာကို နိုင်ငံခြားအထိ သူများတွေကို သင်ပေးချင်တာ..! ဒါမယ့်လည်း ကျတော့်အခြေအနေက မဖြစ်နိုင်ပါဘူးလေ ”

YOU ARE READING
𝗦𝗮𝗯𝗼𝘁𝗮𝗴𝗲..!! (U+Z) Completed
Fanficမှင်တစ်စက်စွန်းနေတဲ့ စာရွတ်အဖြူကို လိုက်ပြပြီး ဘာမြင်လဲမေးရင် လူတွေက အမည်းစက်တစ်စက်လို့ပဲ ဖြေကြလိမ့်မယ်...! ဧရိယာများများရှိ နေတဲ့ အဖြူရောင် ကို သူတို့မမြင်ကြဘူး...! အဲ့တော့ စွန်းနေတဲ့ မှင်တစ်စက်ကို လိုက်ပြီး စာလုံးတွေနဲ့ ဖြူနေတဲ့ စာရွက်အနှံ့ ရေးခြ...