( Warning ⚠️ If you forget , you can revise the previous parts. Thanks 🙏)
Part 10
“ နောက်တစ်ပတ်ကျ Luhan ကို စာလာသင်မှာပဲလေ Chanyeol shii ”
“..........”
“ ဟုတ် ဟုတ် အဲ့ လိုတွေ့လို့ရတာပဲ ”
“.........”
“ ဟုတ် ဒီလိုဆို ဒါပဲနော် ”
“...........”
” ကောင်းကောင်းအိပ်ပါ့မယ် Good Night ပါဗျ ”
**တီ**
ဖုန်းလေးက တီခနဲကျသွားသည်။ ပြောပြီးကာစ ခပ်နွေးနွေးဖုန်းလေးကို ကြည့်၍ Baekhyun ပြုံးလိုက်မိသည်။
ညတိုင်း ဖုန်းပြောဖြစ်တဲ့ သူတို့နှစ်ယောက်ကြားမှာ အရင်လို သူ့ကို ကြောက်စိတ်တွေ သိပ်မရှိတော့။ တစ်ခါတစ်လေ သူ့ပုံစံကို နားလည်ရခတ်ပေမယ့် Baekhyun စိတ်ထဲမှာပင် ရင်းနှီးနေမိသည်ကို ၀န်ခံရမည်။
ထို့နောက် Baekhyun အိပ်ယာ၀င်ရန် ဘေးစားပွဲခုံလေးပေါ်က မီးအိမ်လေးကို ပိတ်လိုက်သည်။
ထိုစဉ် ခေါင်းထဲသို့ ၀င်လာတဲ့ အတွေးတချို့ကြောင့် လေးနက်တဲ့ မျက်နှာထားတစ်ခု ရုပ်ချည်းပြောင်းလဲ သွားမိသည်။
ညနေက သူမ အိမ်ကို အရေးကြီး ကိစ္စရှိလို့ပါဆိုပြီး သွားလေတော့ ထိုအရေးကြီးကိစ္စက ကိုယ်နဲ့သူမရဲ့ မင်္ဂလာ လက်ထပ်ပွဲ ပင် !
ဖေဖေ နဲ့ မေမေ ကလည်း အရွယ်လွန်နေမှာစိုးလို့ နောက်မကျခင် လက်ထက်ဖို့ပြောလာလေသည်။ သူမကလည်း လက်ထပ်ဖို့ ဆန္ဒရှိနေပါသည်တဲ့လေ...!
တကယ်တော့ Baekhyun လည်း သူမကို အစကတည်းက လက်ထပ်ဖို့ ရည်ရွယ်ထားခဲ့တာပေမယ့် အခုလက်တွေ့ကျတော့ Baekhyun သိပ် မလိုလားချင်တော့......
အမှန်က Baekhyun လွတ်လွတ်လပ်လပ်နေချင်သေးသည်။ ကလေးတွေကို စာသင်ရင်းပဲ ဘ၀ကို ရိုးရိုးရှင်းရှင်းဖြတ်သန်းချင်သည်။ နောက်ပြီး တစ်ယောက်တည်း ဝါသနာပါရာကို ပြုလုပ်ရသည်ကိုပဲ သဘောကျပါသည်။
တစ်အိုးတစ်အိမ် ထူထောင်ဖို့က အသက် ၂၇နှစ်အရွယ် ယောက်ျားတစ်ယောက်အနေနဲ့ အဆင်သင့်ဖြစ်သင့်ပြီ ဆိုပေမယ့် Baekhyun အနေနဲ့တော့ အဆင်သင့်မဖြစ်သေးပါ။
![](https://img.wattpad.com/cover/289007508-288-k762703.jpg)
YOU ARE READING
𝗦𝗮𝗯𝗼𝘁𝗮𝗴𝗲..!! (U+Z) Completed
Fanfictionမှင်တစ်စက်စွန်းနေတဲ့ စာရွတ်အဖြူကို လိုက်ပြပြီး ဘာမြင်လဲမေးရင် လူတွေက အမည်းစက်တစ်စက်လို့ပဲ ဖြေကြလိမ့်မယ်...! ဧရိယာများများရှိ နေတဲ့ အဖြူရောင် ကို သူတို့မမြင်ကြဘူး...! အဲ့တော့ စွန်းနေတဲ့ မှင်တစ်စက်ကို လိုက်ပြီး စာလုံးတွေနဲ့ ဖြူနေတဲ့ စာရွက်အနှံ့ ရေးခြ...