💥 12 💥

329 24 5
                                    

Part (12)

( Warning ⚠️ သွေးထွက်သံယိုတွေပါလို့ပါ )

" အား ကျွတ် ကျွတ် "

ထိုးကိုက်နေတဲ့ ခေါင်းကိုက် ဝေဒနာနှင့်အတူ သတိက ရတစ်ချက် မရတစ်ချက်......

မျက်လုံးကို ဖြေးဖြေးချင်း ဖွင့်သော်ငြား အမှောင်ပကတိ အခြေအနေ ကတော့ မပြောင်းလဲစွာ Baekhyun ကို ဆီးကြိုနေ၏။

ခန္ဓာနဲ့ စိတ်ဝိဉာဉ် လုံး၀ ပြန်ကပ်မိတဲ့ အချိန်မှာတော့ Baekhyun ကြောက်လန့်စွာ တုန်လှုပ်သွားခဲ့သည်။

၀န်းကျင်တစ်ခုလုံး မည်းမှောင်ဖုံးနေပြီး ရရှိလာတဲ့ အငွေ့အသက်တွေက စိတ်ညစ်ညူးဖွယ် ကောင်းလှ၏။

ငါ ဘယ်နေရာ ကို ရောက်နေတာလဲ...?

ဖြစ်ပျက်သမျှ ကို ပြန်လည်တွေးကြည့်တော့မှ Baekhyun သတိလွတ် မသွားစဉ် က Chanyeol နဲ့ တွေ့ခဲ့တာပင်.........

စကားတွေ အများကြီး ပြောခဲ့ကြပြီး ရုတ်တရတ် Baekhyun ခေါင်းတွေ မူးဝေလာကာ အသိစိတ် ပျောက်သွားခြင်းပင် ဖြစ်၏။

ပြန်နိုးလာတော့ အခုလို ကြောက်လန့်ဖွယ် မှောင်မည်းနေတဲ့ အခန်းထဲသို့ရောက်နေတော့တာပင်.....!

ဒါဆို မင်္ဂလာပွဲကရော..?

မင်္ဂလာပွဲ ကိစ္စကို စိတ်ပူသွားကာ ငြိမ်နေရာမှ ရုတ်တရတ် ထလိုက်မိသည်။ သို့သော် ထိုနေရာမှ တစ်စက်လေးတောင်မရွေ့....! အဲ့ဒီ့ အစား တိတ်ဆိတ် နေတဲ့ အခန်းထဲမှာကျယ် လောင်စွာ ထွက်ပေါ်လာတဲ့ ချိန်းကြိုး အသံနဲ့အတူ လက်ကောက်၀တ် နှစ်ဖတ်မှ နာကျင်မှုကို ခံစားလိုက်ရသည်။

" အ့ "

ရုန်းကန်လေလေ ထို သံကြိုးခတ်ထားတဲ့ လက်ကောက်၀တ်နေရာက နာလေလေ ဖြစ်တာကြောင့် Baekhyun အရမ်း တုန်လှုပ်မိသွားသည်။

အခုအခြေအနေ ကြီးက တစ်နေရာရာမှာ အဖမ်းခံထားရတာလား.??
မင်္ဂလာပွဲမှာ ပြန်ပေးဆွဲခံလိုက်ရတာလား..??

ဒီလိုဆို သတိမမေ့ခင်က Chanyeol နဲ့ အတူတူရှိနေခဲ့တာ..... Chanyeol များ ကိုယ်နဲ့ အတူတူ အဖမ်းခံထားရလေမလား...?

Chanyeol ကို စိတ်ပူသွားမိတဲ့ အပြင် အဖမ်းခံရတဲ့ အခြေအနေကြီးကို တအား ကြောက်ရွံ့မိတာကြောင့် အကူညီ ရလိုရငြား ရုန်းကန်မိသည်။

𝗦𝗮𝗯𝗼𝘁𝗮𝗴𝗲..!!  (U+Z) CompletedWhere stories live. Discover now