Part 19
ခြံ၀င်းထဲသို့၀င်လာသည့် ကားတစ်စီးကိုတွေ့တာနဲ့ ခြံထဲက လူတချို့နှင့် အိမ်ထဲမှ လူတချို့ အပြေးရောက်လာကာ ကားတံခါးဖွင့်ပေးကြ၍ ရောက်လာသူကို ခေါင်းငုံ့ကြိုဆိုကြကြန်၏။
ထိုသူက တော့ Chanyeol ပင် !
Busan က ကိစ္စ တွေကို အကုန် ရှင်းလင်းခဲ့ပြီး တစ်ပတ်အကြာမှာတော့ ဒီစံအိမ်ကိုပြန်လာခဲ့သည်။“ အိမ်မှာ အဆင်မပြေတာတွေ ရှိကြသေးလား ”
“ မရှိပါဘူးဆရာ။ အားလုံး အဆင်ပြေပါတယ် ”
Chanyeol စကားအဆုံး သွက်သွက်လက်လက်နဲ့ လူတစ်ယောက်က ပြန်ဖြေလာရင်း ၀တ်ထားသော long coat ကြီးကို ကူချွတ်ပေးနေသည်။
“ Sehun မင်းကားမောင်းလာရတာ၊ သွားနားတော့လေ ”
“ အေး.... လိုတာရှိရင် ခေါ်ခိုင်းလိုက် ”
ဟုပြောကာ Sehun ထွက်သွားပြီးနောက် ဧည့်ခန်းက ဆိုဖာပေါ်တွင်ထိုင်လိုက်ကာ အဆင်သင့်ချထားသော ဝိုင်တစ်ခွက်ကို မော့သောက်လိုက်သည်။
“ Byun ကော ဘယ်လိုနေလဲ၊ အန္တရာယ်ကင်းရဲ့လား ”
ဝိုင်ခွက်ကိုကိုင်ရင်းက အပေါ်ထပ်ဖတ်ကို မေးငေါ့ကာပြောလိုက်သည်။
“ အဲ...... ဟို... ဟို... အဲ့တာက .. အန်.... အန္တရာယ်ကတော့ ကင်းပါတယ်... ဒါ... ဒါပေမယ့် .....”
“ ဒါပေမယ့် ဘာဖြစ်လဲ .....? ”
ထိုလူဖြေသော အဖြေကို သဘောမကျဟန် မျက်ခုံးတို့ကို တွန့်ချိုးကာ ထပ်မေးလိုက်မိသည်။
“ ဒါပေမယ့်လေ......... ”
“ ကျစ်* ပြောစမ်းပါမြန်မြန် !! ”
Chanyeol စိတ်မရှည်တော့ဟန် ထိုလူရဲ့ အင်္ကျီစကို ဆွဲကိုင်လိုက်ပြီး အော်လိုက်တော့သည်။
“ ဟို....ဟို ... အကိုလေးက ထူးခြားနေပါတယ် ”
“ ဘယ်လိုထူးခြားတာလဲ !! ”
Chanyeol သိချင်စိတ်ပြင်းပြစွာ ဆက်မေးလိုက်မိတော့ .........
“ ကျတော်...ကျတော် တို့ကို ... ပစ္စည်းတွေ ၀ယ်ခိုင်းပါတယ် ... ”
“ ဘာပစ္စည်းတွေလဲ? ”
“ အလှပြင်ပစ္စည်းတွေ ..... ”

YOU ARE READING
𝗦𝗮𝗯𝗼𝘁𝗮𝗴𝗲..!! (U+Z) Completed
Fanfictionမှင်တစ်စက်စွန်းနေတဲ့ စာရွတ်အဖြူကို လိုက်ပြပြီး ဘာမြင်လဲမေးရင် လူတွေက အမည်းစက်တစ်စက်လို့ပဲ ဖြေကြလိမ့်မယ်...! ဧရိယာများများရှိ နေတဲ့ အဖြူရောင် ကို သူတို့မမြင်ကြဘူး...! အဲ့တော့ စွန်းနေတဲ့ မှင်တစ်စက်ကို လိုက်ပြီး စာလုံးတွေနဲ့ ဖြူနေတဲ့ စာရွက်အနှံ့ ရေးခြ...