💥 23 💥

234 15 0
                                    

Part 23

“ အစောကြီး ဘာလာလုပ်ကြတာလဲ ? ”

စောစောစီးစီး လေ့ကျင့်ကွင်းနားရောက်နေ‌တယ်လို့ Chanyeol ဖုန်းဆက်လာတာကြောင့် Sehun မှာ  အိပ်ယာအမြန်ထလို့ လေ့ကျင့်ကွင်းရဲ့ သော့ကို လာဖွင့်ပေးရလေသည်။

“ ကျတော် ဒီနေ့ က စပြီး လေ့ကျင့်ရမယ်လို့ ခဗျားပဲ ပြောတာလေ !အဲ့ကြောင့် ဝီရိယ ရှိရှိရောက်လာတာပေါ့ ! ”

စကားကို ခပ်သွက်သွက် ပြောလာတဲ့ Baekhyun က ဒီနေ့မှ သိပ်ကို တတ်ကြွနေသလို ...........

ဟုတ်ပါရဲ့ ဒီနေ့ကစပြီး လေ့ကျင့်ရေး၀င်လို့ရကြောင်း Baekhyun ကို Sehun ခွင့်ပြုပေးလိုက်တာပင်။ သေချာပြန်စဉ်းစားကြည့်တော့မှ Chanyeol ကလည်း Baekhyun ကို သိပ်ချစ်ပြီး သူ့ Partner လုပ်စေချင်တဲ့ အပြင် Baekhyun သာ ဒီလို ပညာတွေ တတ်မြောက်ထားလေမှ Baekhyun ဟာ Chanyeol ရဲ့ အားနည်းချက် ဖြစ်မလာမှာပင် ........ ထိုအ‌ချက်ကြောင့် Sehun သေချာအချိန်ယူ စဉ်းစား၍ ဆုံးဖြတ်လိုက်ခြင်းပင်ဖြစ်လေသည်။

လေ့ကျင့်ရေး ၀တ်စုံကို ဆင်တူ၀တ်ထားတဲ့ Chanyeol နဲ့ Baekhyun ကြောင့် Sehun နှာခေါင်းရှုံမိလိုက်ပြီး ပြီးမှ တစုံတခုကို သတိရသွားသည့်ဟန် ပြောလိုက်သည်။

“ ဟေ့ကောင် ! Chanyeol ...! မင်းက ငါနဲ့လိုက်ခဲ့ရမှာလေ ဒီနေ့ လေလံပွဲရှိတယ် မလား ”

“ မင်းပဲ သွားလိုက်တော့ ငါ Byun ကို လေ့ကျင့်ပေးရဦးမယ် ”

Chanyeol အဖြေကြောင့် Sehun မျက်နှာကို မဲ့လိုက်ပြီး..............

“ ဒီမှာ Trainer တွေ အများကြီးရှိတာကိုကွာ ! ”

“ ဟင့်အင်း....... ငါတစ်ယောက်ထဲ သူ့ကိုလေ့ကျင့်ပေးချင်တာ ....... ”

ပြန်ပြောလာတဲ့ Chanyeol ကို Sehun ပိတ်ရိုက်ချင်စိတ်တွေ တဖွားဖွား...........
ဟိုက နည်းနည်းလေး ကြည် ပြ လိုက်တာနဲ့ အရင် က Park Chanyeol မဟုတ်သလို ပြုမူနေလိုက်တာ !!

ထို့နောက် Sehun လည်း Chanyeol ကို အသံတိတ် ကျိန်ဆဲလို့ နေရာမှ ထွက်ခဲ့လိုက်သည်။

*********

“ Chanyeol ah..... ငါ သေနတ်ပစ်ချင်တယ်! ”

လေ့ကျင့်ကွင်းထဲ လမ်းလျှောက်နေရင်း ပြောလာတဲ့ Baekhyun က ယနေ့အတွက် အလွန် တတ်ကြွနေသယောင် ......

𝗦𝗮𝗯𝗼𝘁𝗮𝗴𝗲..!!  (U+Z) CompletedWhere stories live. Discover now