Four{ဝူရိလေးရဲ့နောက်ဆုံးဖုန်းကော}

3.4K 671 21
                                        

Chapter 4

နဲရှောင် သူရဲ့အဖွဲ့သားနှစ်ယောက်၏ ကြောင်တောင်တောင်အကြည့်နှင့်ကြည့်နေသော်လည်း နဲရှောင်၏မျက်နှာဟာ မပြောင်းမလဲ တည်တည်ငြိမ်ငြိမ်နှင့် ဟမ်းစတားလေးကို ပုံမှန်အတိုင်း သူ့အဖွဲ့သားနှစ်ယောက်နှင့်နှုတ်ဆက်စေသည်။

ဒီလိုအပြုအမူကတောင်မှ သူတို့ခေါင်းဆောင်ရဲ့သြဇာအာဏာကိုခံစားရစေသည်။

သူတို့ အကြောင်းအရာကိုအတွင်းကျကျမသိခဲ့ရင်တောင်မှ ဒီလိုအကြည့်၊အမူအရာနှင့်အရူးလုပ်ခံရနိုင်သည်။

"ဘော့စ် ဆက်ပြောပါ။ကျွန်မရေအရင်သွားချိုးလိုက်အုံးမယ်။"

ရှောင်ယန်း ဘော့စ်နှင့်သူ့ဟမ်းစတားပေါက်လေး ချစ်ကြည်နူးတစ်တီတူးနေတာကို မနှောင့်ယှက်တော့ဘဲ လည်စည်းနှင့်ကုတ်အင်္ကျီကိုချွတ်ကာအခန်းတစ်ခန်းထဲဝင်လိုက်သည်။

ဒီတစ်ခါ သူတို့ဘိုကင်လုပ်ထားတဲ့အခန်းက တစ်ယောက်ချင်းစီအတွက်အခန်းတစ်ခန်းစီပါတဲ့ luxuryအခန်းပဲဖြစ်သည်။

ဝူဝမ်ချီလည်း ခရီးသွားရတော့ သူ့ခန္ဓာကိုယ်ဟာ စေးကပ်ကပ်နဲ့အနံ့ထွက်နေသလို ခံစားရတာကြောင့်
ခရီးဆောင်အိတ်ကိုချကာ နဲရှောင်ကိုနှုတ်ဆက်ပြီး ကိုယ်လက်သန့်စင်ဖို့လုပ်လိုက်သည်။အချိန်အတော်ကြာသွားရတော့ သူ့မှာ ပါးသိုင်းမွှေးပုတိုတွေပါထွက်လာပြီ။

"ကျွန်တော်လည်း သွားပြီ"

နဲရှောင် ခေါင်းငြိမ့်ပြလိုက်ပြီး သူ့ဖုန်းကိုယူကာ ပြတင်းပေါက်နားသွားပြီး အကောင်ပေါက်လေးအား နှင်းတွေဖုံးလွှမ်းနေတဲ့နေရာကိုပြလိုက်သည်။

ထိုအကောင်ပေါက်လေး၏မျက်လုံးသေးသေးလေးတွေက လန့်သွားဟန်ဖြစ်နေတာကို နဲရှောင်ကြည့်ပြီး သဘောကျစွာအသံတိတ်ရယ်လိုက်ကာ,

"တွေ့လား ဒယ်ဒီ မင်းကိုမညာဘူးနော်။မင်းလေး ဒီကိုလိုက်လာခဲ့ရင် အေးခဲပြီး ရေခဲရုပ်တုလေးဖြစ်သွားမှာ"

"ချိ!"အိုးး!ဒယ်ဒီရေ နွေးနွေးထွေးထွေးနေသင့်တယ်နော်!"

နဲရှောင် အကောင်ပေါက်လေး ပြောတာနားမလည်သော်လည်း စကားပြောချင်သေးတဲ့စိတ်ကိုတားဆီးမရ။ထို့ကြောင့် နဲရှောင်လည်း သူ့ဘာသာသာ ပြောလိုက်ဖြေလိုက်လုပ်ပြီး ထိုအကောင်ပေါက်လေးနဲ့ ဆက်ပြီးစကားပြောနေသည်။

ကမ္ဘာပျက်ကပ်အတွင်းမှ သူဌေးဟမ်းစတားလေးNơi câu chuyện tồn tại. Hãy khám phá bây giờ