22.1

3K 697 35
                                    

ဝူရိလေးသည် မျက်လုံးများကိုဖွင့်ကာ ညအမှောင်ထဲတွင် သူ့ပတ်ဝန်းကျင်ရှိ အခြားလူများကို တစ်ချက်ကြည့်လိုက်ကာ သေးငယ်သော Sleeping bagထဲသို့ လျှောချလိုက်တော့ အိတ်အောက်ပိုင်းလေးက ခပ်ဖောင်းဖောင်းလေးဖြစ်နေ၏။

  လူတိုင်း သူ့တွင်အာရုံမရှိတော့တာကို အခွင့်ကောင်းယူကာ အတွေးလေးဖြင့် သူ့spaceထဲသို့သွားလိုက်၏။

  spaceချိုင့်ဝှမ်းတွင် စိမ်းလန်းနေသော မြက်ခင်းများနှင့် ကောင်းကင်ပြာက ပနံသင့်နေ၏။

ဝူရိလေးသည် လယ်ကွင်းဘေးတွင် ငုတ်တုတ်ထိုင်လိုက်ပြီး မြေပြင်တစ်ခုလုံးတွင် စိမ်းလန်းနေသော အပင်ပေါက်များကို ကြည့်ရင်း သူ့မျက်လုံးများက တောက်ပနေသည်။ သူမနေနိုင်တော့ဘဲ လက်ကိုဆန့်ထုတ်ကာ နူးညံ့တဲ့အပင်ပေါက်လေးကို ထိကြည့်လိုက်တော့ အပင်လေးက လှုပ်သွားပြီး အချိန်ခဏလေးမှာပင် စင်တီမီတာအနည်းငယ်လောက် ရှည်ထွက်လာသည်။

  ထိုကဲ့သို့ အံ့ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုနှင့် ရင်ဆိုင်လိုက်ရသော ဝူရိလေးမှာ မျက်လုံးတြွေပူးကျယ်သွားကာ ပါးစပ်မှလည်း နားမလည်တော့ပေမယ့် အရမ်းအံ့သြစရာကြီးဟု ပြောနေ၏။သူ့ခေါင်းလေးကို ငုံ့ကာ သူ့လက်သေးသေးလေးကိုကြည့်လိုက်သည်။

ဒီဟမ်းစတားစစ်သူကြီးက နောက်ထပ် မယုံနိုင်စရာကောင်းတဲ့ မှော်စွမ်းအင် ထပ်ရှိလာတာထင်တယ်။

  ၄ကို စမ်းသပ်ရန်အတွက် ကောင်ငယ်လေးသည် ဟမ်းစတားပုံစံသို့ပြန်ပြောင်းကာ သူ့ခြေထောက်သေးသေးလေးတွေနှင့် ပျိုးပင်ပေါက်များကြားတွင်ဖြတ်ပြေးနေ၏။

  သူဖြတ်သွားတိုင်း အသီးအနှံအားလုံးက ဖူးပွင့်လာကြပြီး အချိန်ခဏလေးမှာပင် အသီးသီးလာကြသည်။

  ကွင်းပြင်တစ်ဝိုက် အကြိမ်ပေါင်းများစွာ ပြေးပြီးနောက် ဟမ်းစတာလေးသည် လုံးဝ မောပန်းနွမ်းနယ်သွားခဲ့သည်။ တစ်လက်မမှ မလှုပ်ချင်တော့ဘဲ မြေကြီးပေါ်လှဲချလိုက်ပြီး အသက်ဖြေးဖြေးရှူနေ၏။ သူ့ပါးစပ်ဘေးမှာ အစိမ်းရောင် သစ်ရွက်တစ်ရွက် ပြုတ်ကျနေတာကို မြင်လိုက်တော့ စဉ်းစားမနေဘဲ'ဇွက်'ခနဲ ကိုက်ပစ်လိုက်သည်။

ကမ္ဘာပျက်ကပ်အတွင်းမှ သူဌေးဟမ်းစတားလေးWhere stories live. Discover now