Six

3.1K 693 30
                                    

6

သုံးရက်ကြာပြီးနောက်။

Yuncheng၊ Fengshan အိမ်တော်ဧရိယာ။

နှင်းကဲ့သို့ဖြူစွတ်နေသော ဆယ်ကျော်သက်အရွယ်တစ်ယောက်ဟာ ပြတင်းတံခါးဘောင်ကြီးပေါ်တွင် ခွေအိပ်နေလျက်။သူဟာ အိပ်နေရင်းအနည်းငယ်ချမ်းလာတာကြောင့်ထင်၏ မီးခိုးပြာရောင်စောင်ပေါ်သို့
လှိမ့်လိုက်၏။

ရုပ်ဆိုးဆိုးနှင့်စက်ဆုပ်ရွံရှာဖွယ်ကောင်းသောဖုတ်ကောင်တွေဟာ တံခါးအပြင်ဘက်တွင်စုဝေးနေပြီး တစ်ခုခုကိုတိုက်နေသလို အသံကျယ်ကျယ်တွေကိုလည်းကြားနေရသည်။သူတို့ဟာ အိပ်ခန်းထဲမှ လတ်လတ်ဆတ်ဆတ်ရှိတဲ့အသားရဲ့အနံ့ကို ရနေတာကြောင့် တံခါးကို အားပြင်းပြင်းနဲ့ဆောင့်တွန်းနေ၏။

တံခါးဝမှ ထူးဆန်းတဲ့အော်ဟစ်ဆူညံသံများပေါ်လာပြီးနောက် ရွံစရာကောင်းသော အနံ့ကပါထောင်းခနဲထွက်လာ၏။

အိပ်မောကျနေတဲ့ ကောင်ငယ်လေးက နိုးလာပြီး သူ့ရဲ့နက်မှောင်ပြီးဖြူစင်တဲ့မျက်ဝန်းတွေဟာ အိပ်ချင်မူးတူးဖြစ်နေလေရဲ့။

ကောင်လေးဟာ ထထိုင်လိုက်ပြီး ပတ်ဝန်းကျင်ကိုစူးစမ်းရင်း သူ့လက်နှစ်ဖက်ပေါ် အကြည့်​ရောက်သွား၏။သူ့မျက်လုံးတွေဟာ အံ့သြမှုကြောင့်ပြူးကျယ်လာကြပြီး ချစ်စဖွယ်အာမေဋိတ်လေးဟာလည်း နှုတ်ခမ်းဖျားမှအံကျလာသည်။

ကောင်ငယ်လေးဟာ ပြတင်းပေါက်ဘောင်ကြီးပေါ်ကနေ​ဆင်းကာ အခန်းထဲရှိ ကိုယ်လုံးပေါ်မှန်ဆီသို့ ပြေးသွားသည်။

မှန်ထဲက အဝတ်မပါတဲ့ကိုယ်တုံးလုံးလေးမှာ ဖန်ဆင်းရှင်မှ သေချာဂရုတစိုက် သွန်းလုပ်ထားတဲ့ အဖြူရောင်ကျောက်စိမ်းရုပ်သဖွယ်ဖြစ်နေပြီး မှန်တွင်ခေါင်းစခြေဆုံး ပုံရိပ်ထင်နေ၏။အချိုးအစားတစ်ခုစီတိုင်းက အံ့သြစရာကောင်းလောက်အောင် ပြည့်စုံလွန်းနေသည်။

သို့သော် ကောင်ငယ်လေးမှာ သူ့ကိုယ်သူချီးကျူးနေဖို့ အချိန်မရှိ။သူ့ခန္ဓာကိုယ် ဟုတ် /မဟုတ်ကို ထပ်ကာထပ်ကာ စစ်ဆေးပြီးကာမှ ခြေလက်တွေကို အကြောဆန့်သလိုဆန့်ထုတ်လိုက်သည်။

"ငါ တကယ်ကြီး ဒယ်ဒီ့လိုခြေနှစ်ချောင်းနဲ့လူဖြစ်ပြီပေါ့!"

ကမ္ဘာပျက်ကပ်အတွင်းမှ သူဌေးဟမ်းစတားလေးWhere stories live. Discover now