Fourteen

3K 731 25
                                    

ကျယ်လောင်စွာပေါ်ထွက်လာသော သေနတ်သံများက ဖုတ်ကောင်များကိုအာရုံလွှဲလိုက်ပြီး  ထိုဖုတ်ကောင်များကလည်း သေနတ်သံကြားရာနေရာသို့ ဉီးတည်သွားခဲ့သည်။ရှဲ့ကျွင်းနှင့်တာ့ရှန်းတို့မှာလည်း စိတ်သက်သာရာရသွားပြီးသက်ပျင်းချလိုက်ပေမယ့်  အချိန်မဆွဲရဲပဲ အကာအကွယ်ဒိုင်းဆီသို့သွားရာလမ်းကြောင်းကို အမြန်ရှင်းကာ လမ်းရှိဖုတ်ကောင်များကိုသတ်ရသည်​။

  ရှဲ့ကျွင်းနှင့်လျိုတာ့ရှန်းတို့ လမ်းကြောင်းတစ်ခုကိုရှင်းပြီးသည်နှင့် ဖုတ်ကောင်အင်အားလျော့သွားကာ အားနည်းသွားခဲ့လေသည်။စွမ်းအင်ပြန်လည်ဖြည့်တင်းပြီးသော ဝူဝမ်ယွီမှာလည်း ကျန်သည့်သူများနှင့် ဖုတ်ကောင်အုပ်စုမှဝေးရာသို့ ပြေးထွက်လာခဲ့ကြသည်။

  သူတို့အားလုံးလွတ်မြောက်သွားပြီး ဖုတ်ကောင်တွေက သူတို့ဆီအာရုံပြန်ရောက်လာသောကြောင့် ရှဲ့ကျွင်းနှင့်တာ့ရှန်းအား ကျေးဇူးတင်ချိန်မရဘဲ
ကြည့်ရုံသာကြည့်နိုင်ခဲ့သည်။ ကျောင်းအုပ်ကြီးပြောကြားချက်အရ သူတို့အားလုံး မြောက်ဘက်မှာရှိတဲ့ ကျောင်းသားတွေအတွက် အသစ်ဆောက်ထားသော အဆောင်ကိုပြေးရန်လိုအပ်သည်။

  ရှောင်ဝူရိကလည်း ညီငယ်တွေကို မြောက်ဘက်အဆောင်ဆီသို့ ခေါ်ဆောင်သွားခဲ့တာကြောင့် နှစ်အုပ်စုလုံး ထိုနေရာတွင် သွားဆုံကြ၏။

  ဒီအဆောင်က အစထဲကမဖွင့်ရသေးတာကြောင့် ကျောင်သားများလည်းရှိမနေခဲ့သည့်အတွက် ဖုတ်ကောင်များမရှိပေ။ကျောင်းအုပ်ကြီးက အပြင်ဘက်ကတံခါးကိုဖွင့်လိုက်သည်. အားလုံး ဘေးကင်းစွာ ဝင်လာပြီးသည်နှင့် သူသည် သံတံခါးကြီးအား အမြန်သော့​​​​ပြန်ခတ်လိုက်သည်။

  ရှဲ့ကျွင်းကလည်း အဆောင်ထဲသို့ဝင်လာပြီးသည်နှင့် လက်ရှိအခြေအနေကိုမြင်တော့ အနည်းငယ်စိုးရိမ်သွားသည်။ သူက မျက်မှောင်ကြုတ်ကာ
“လူတိုင်း ဒီမှာ ရောက်နေကြတာ။နောက်ပိုင်းကျရင် ? လူတွေများလွန်းတယ်။ အကယ်၍ ငါတို့အနံ့ကိုသာ သူတို့ရသွားခဲ့ရင် ဒီတံခါးဆီကိုရောက်လာဖို့ကလည်း ခဏလေးပဲ။ ပြီးတော့ အခုငါတို့ကလည်း မင်းတို့နဲ့အတူတူရှိနေတာဆိုတော့ အားလုံးကိုထပ်ကယ်နိုင်မှာမဟုတ်ဘူး"

ကမ္ဘာပျက်ကပ်အတွင်းမှ သူဌေးဟမ်းစတားလေးWhere stories live. Discover now