Yuncheng
ရှောင်ဝူရိ လိုအပ်တဲ့ပစ္စည်းများအားလုံးကို ထုပ်ပိုးပြီးသည်နှင့် မြောက်ပိုင်းတွင် နဲ့ရှောင်အားသွားရှာရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
Fengshan အိမ်ရာဝန်းသည် Yuncheng ၏ဆင်ခြေဖုံးတွင်တည်ရှိသည်။ တောင်ပေါ်တွင်နေထိုင်သူများသည် အခြေခံအားဖြင့် ချမ်းသာသူများဖြစ်သောကြောင့် ဤနေရာတွင် ဖုတ်ကောင်အရေအတွက်သည် အတော်ကိုပါးလွန်းသည်ဟုပြောလို့ရသည်။ထို့အပြင် အစောပိုင်းက ဖုတ်ကောင်များအား အပြုံလိုက်ပစ်သတ်ထားမှုကြောင့် တောင်ပေါ်တွင်ဖုတ်ကောင်မရှိသလောက်နီးပါးဖြစ်သွားလေပြီ။
ထို့ကြောင့် ဝူရိလေး၏တောင်ဆင်းခရီးမှာ အလွန်ပင်ချောမွေ့ခဲ့၏။ဒါ့အပြင် ဖုတ်ကောင်များသည် သူ့လိုတစ်ကိုယ်တည်း လျှောက်သွားနေသူထက် သူ့နောက်ကလိုက်နေသော သက်ရှိလူအုပ်စုအားတိုက်ခိုက်ရသည်ကို ပိုနှစ်သက်ပုံရသည်။
ရှောင်ဝူရိတစ်ယောက်တည်း ရှေ့ကို လျှောက်လာရင်း သူ့နောက်က တိုက်ခိုက်သံတွေကို ကြားလိုက်ရတော့ မနေနိုင်ပဲ နောက်ကိုတစ်ချက်လှည့်ကြည့်လိုက်သည်။သူ့မျက်နှာလေးတွင် မရေရာမှုများ ပေါ်ပေါက်လာ၏။ သူ ဒီအုပ်စုအား လက်ခံသင့်၊မသင့် မဆုံးဖြတ်ရသေးပေ။
ရှဲ့ကျွင်းနှင့်သူ့လူများက စိတ်ဓာတ်မကျပါဘူး။ဝူရိ သူတို့ကိုလှည့်ကြည့်နေတာတွေ့တော့ ချက်ချင်းပင် တောက်တောက်ပပပြုံးလိုက်ကာ
"ဘော့စ်အသေးလေး စိတ်ချလက်ချ ရှေ့ကိုဆက်သွားပါ၊မင်းအနောက်မှာ ငါတို့ရှိတယ်!”"ငါက မင်းရဲ့ဘော့စ်မဟုတ်ဘူး!!!"
"ဟုတ်ကဲ့ပါ ဘော့စ်!"
ဝူရိရဲ့မျက်နှာလေး ရှုံ့တွသွားသည်။
လက်ရှိ ဖုတ်ကောင်များ၏ စွမ်းဆောင်ရည်မှာ အားအလွန်နည်းကာ အကန့်အသတ်နှင့်ရှိနေ၏။သူတို့အားလုံးကို အားသုံးကာဆောင့်တွန်းလိုက်ရုံနှင့်တင်ပြီးသောကြောင့် ရှဲ့ကျွင်းနှင့်သူ့လူများမှာ ချောချောမွေ့မွေ့ပင်သုတ်သင်နိုင်ခဲ့သည်။တစ်နာရီခွဲအကြာမှာတော့ တစ်ဖွဲ့လုံးတောင်ခြေသို့အောင်မြင်စွာ ရောက်ရှိသွားတော့သည်။

YOU ARE READING
ကမ္ဘာပျက်ကပ်အတွင်းမှ သူဌေးဟမ်းစတားလေး
FantasyType Web Novel (CN) Language Chinese Author Huà Xī 画兮 Status in COO 92 chapters + 2 extra chapters Completed First of all , I'm not the owner of this novel.I'm just a translator.Just fan translation.All credits to original author and english transla...