Twelve

3K 700 27
                                    

လျိုတာ့ရှန်းက လျောက်ရုံအားမြေပေါ်ကနေ သွားထူလိုက်ပြီး ဖြူဖျော့နေပြီး အာရုံမရဖြစ်နေသည့် လင်မုန့်ဖေးကိုကြည့်လိုက်သည်။သူထင်ခဲ့တာ သူမဟာနူးညံ့နုနယ်နေပြီး ကြမ်းတမ်းခက်ခဲ့တဲ့ဒဏ်ကိုခံနိုင်စွမ်းရှိဘူးလို့ပင်။လှပတဲ့ရည်ရုပ်အဆင်းရှိသော်လည်း အတွင်းစိတ် အချင်းဟာ ထိုမျှအကျည်းတန်နေမည်ဟု သူထင်မှတ်မထားခဲ့ပေ။

သူတို့လို ရိုးဖြောင့်တဲ့ယောကျာ်းသားတွေတောင် ကြည့်မရဖြစ်သွားသည်။ သူတို့၏သခင်ကြီး သင်ပေးခဲ့တဲ့ပညာတွေမှာတောင် ကိုယ်အသက်ရှင်ဖို့ ညီအစ်ကိုအချင်းချင်းသေနတ်နှင့်ချိန်ရမည်ဟု၍ မပါခဲ့ပေ။

လင်မုန့်ဖေး၏နှုတ်ခမ်းများက တုန်ယင်နေ၏။သူမကိုယ်တိုင်ရှင်းပြချင်နေသော်လည်း လူတိုင်း၏အေးစက်စက်အကြည့်တွေကြောင့် ပြောမထွက်ပေ။အမှားကျူးလွန်မိသူလိုပင် သူမမျက်ရည်များမှာ တသွင်သွင်စီးကျလာလေ၏။

"ငါ... ငါ မရည်ရွယ်ပါဘူး!"

ကျန်းဝမ်ကျွင်းမှာလည်း နှုတ်ဆိတ်မနေနိုင်တော့ဘဲ လူတိုင်း၏အကြည့်ဖိအားများအောက်တွင် လည်ချောင်းများခြောက်ကပ်လာပြီး အသက်ရှူမဝဖြစ်လာတာကြောင့် သူပေါက်ကွဲကာပြောလိုက်မိသည်။
"ရှောင်ဖေးကိုပဲ အပြစ်မပြောသင့်ဘူး။ဒီလိုအရေူပေါ်အခြေအနေမျိုးမှာ အသက်ရှင်ရမယ်ဆိုတဲ့ မွေးရာပါဗီဇကြောင့် မသိစိတ်ကနေ ဒီလိုတုန့်ပြန်တာပဲလေ။"

"ဗီဇ?" ရှဲ့ကျွင်းက ဟာသတစ်ခုကြားလိုက်ရသလို နားကိုကလော်လိုက်၏။ဒီလူတွေကယ်လိုက်နိုင်သောကြောင့် ကောင်းလာတဲ့စိတ်အခြေအနေဟာ ခုတော့ လုံးဝပျက်ဆီးသွားလေပြီ။

ဒါက ထမင်းကိုမြိန်ရေရှက်ရေစားနေတုန်းမှာ ယင်ကောင်ကမင်းပါးစပ်ထဲဝင်သွားလိုပဲ။ ထိုသို့သောလူနှစ်ယောက်နှင့်ဒီတစ်လျောက်လုံး အတူတူရှိလာခဲ့ရတဲ့ လျောက်ရုံကို ချက်ချင်းပင်စာနာဂရုဏာထားမိသည်အထိ ထိုလူနှစ်ယောက်ရဲ့စိတ်က စက်ဆုပ်ဖွယ်ကောင်းလွန်းလှသည်။

"ငါ​ကြားတာမမှားဘူးဆိုရင် လူတွေကိုဖုတ်ကောင်တောထဲပစ်ထားခဲ့ပြီး ထွက်ပြေးကြမယ်ပေါ့ ဟုတ်လား?။ပြီးရင် ကိုယ့်ဟာကိုယ်အရပြေးပြီးတော့မှ အသက်ရှင်ချင်တဲ့ဗီဇကြောင့် လုပ်မိသွားပ့လို့ပြောရင် ဘယ်သူမှအပြစ်မတင်တော့ဘူး။ဒါပေမယ့် မင်းရဲ့အကောင်းဆုံးသူငယ်ချင်းတွေကို ထောင်ချောက်ထဲထည့်ထားပြီး ကိုယ်လွတ်ရုန်းတာကျ ရွံ့စရာကောင်းတဲ့ဗီဇပဲ!!!!"

ကမ္ဘာပျက်ကပ်အတွင်းမှ သူဌေးဟမ်းစတားလေးWhere stories live. Discover now