seventeen

3K 689 20
                                    

တောင်၏လှုပ်ခတ်သွားသောပြင်းအားက လူတိုင်းကိုထိတ်လန့်သွားစေပြီး တစ်ချိန်ထဲမှာပင် စိတ်လှုပ်ရှားသွားစေသည်။စွမ်းအင်ရှိသူတွေက ပိုပြီးအားကောင်းလာခဲ့ရင် ဖုတ်ကောင်များကို ရှင်းပစ်ဖို့ကပို၍လွယ်ကူသွားမည်မဟုတ်လား?

ဒါဆို ကမ္ဘာပျက်ကပ်ဆိုးကြီးရဲ့နိဂုံးကလည်း အဆုံးသတ်ဖို့နီးလာပြီလို့ မဆိုလိုပေဘူးလား?

"အရမ်းမိုက်တာပဲ! ဒါက အမေရိကန် သူရဲကောင်း ဇာတ်ဝင်ခန်းနဲ့တောင်တူသေးတယ်!”

"အား, အရမ်းလန်းတယ်!  မိုးကြိုးနတ်ဘုရားရဲ့တူနဲ့ တောင်ပုဆိန်!!"

ကျောင်းသားများက အဝေးမှ တောင်ကြားရှိ ကြီးမားသော ချိုင့်ခွက်များနှင့် အက်ကွဲကြောင်းများကို ကြည့်ပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြသည်။  ယောက်ျားလေးများ၏ မျက်လုံးများသည် တောက်ပနေပြီး ပိုပြီးလေးစားလာကြောင်းကို ပြသနေသည်။

သို့သော်လည်း ရှဲ့ကျွင်းနှင့်လျိုတာ့ရှန်းတို့မှာတော့ ဇာတ်ဆောင်သူရဲကောင်းများနှင့်မတူညီစွာပင် ပင်ပန်းနွမ်းနယ်ကာ ဆားနယ်ငါးနှစ်ကောင်ပမာ မြေပြင်ပေါ်တွင်လဲလျောင်းနေလေ၏။

"အာ့!ပြောတာတွေရပ်ပြီး လာကူကြပါအုံး"  ရှဲ့ကျွင်းကညည်းညူရင်းပြောလိုက်သည်။  "ငါ့ကို သလင်းကျောက်၂ခုလောက်ပဲပေး..စကားပြောဖို့ အားတောင်မရှိတော့လို့!"

ရှောင်ဝူရိက ဦးဆောင်ကာယူလိုက်ပြီး ရှဲ့ကျွင်းဘေးတွင်ထိုင်ချလိုက်သည်။သလင်းကျောက်၂ခုကို လက်နှစ်ဖက်ထဲသို့ထည့်ပေးပြီးနောက် အညိုရောင်လက်မောင်းကြီးတွေကို သူ့လက်ကလေးတွေနဲ့ထိရင်း မျက်လုံးလေးများကလည်း တောက်ပနေ၏။

ရှဲ့ကျွင်းနှင့်လျိုတာ့ရှန်းတို့မှာ  သူတို့ဘော့စ်အသေးလေးက သူတို့ကိုဂရုစိုက်တာမြင်ရတော့ စိတ်ထဲခံစားသွားရသည်။ သို့သော်လည်း ကောင်ငယ်လေး၏နောက်ဆက်တွဲပြောလာသောစကားကြောင့် သူတို့ခံစားချက်များမှာ အနောက်ရေကန်ထဲသို့ ပလုံခနဲကျသွားလေတော့သည်။

“မြန်မြန်လေးကောင်းလာပြီး မြန်မြန်ထတော့နော်မင်းတို့ရဲ့ လေးထောင့်တူနဲ့ ပုဆိန်ကို ပြန်ယူရအောင်။ ငါ ကိုင်ချင်လို့! မြင်ချင်တယ်လို့!"

ကမ္ဘာပျက်ကပ်အတွင်းမှ သူဌေးဟမ်းစတားလေးWhere stories live. Discover now