23

3.1K 684 47
                                    

လူအုပ်ကြီးသည်​အ​ဝေး​သို့​မ​သွား​နိုင်။  စောစောက​ နာနာပြောခဲ့သလို မြူထူထူတွေ ဝိုင်းရံထား၏။  ကြီးမားကျယ်ပြန့်သော အဖြူရောင်အငွေ့အသက်များကြောင့် သူတို့ခြေထောက်အောက်ရှိ လမ်းများကို မမြင်နိုင်ပေ။

ထိုအချိန်တွင် ကောင်းကင်ကြီးလည်း တဖြည်းဖြည်း မှိန်လာခဲ့သည် ။  မြူများအတွင်း  လူစုကွဲသွားမှာကို တားဆီးရန်အတွက် လူတိုင်းသည် ၄တို့၏ လက်ရှိနေရာတွင် အနားယူရန် ဆုံးဖြတ်ခဲ့ကြပြီး နောက်နေ့ နေထွက်ချိန်မှ မြူများကို ပျောက်ကွယ်သွားလိမ့်မည်ဟု မျှော်လင့်ထားကြသည်။

ထိုအရာသည် ဝူရိလေးကို စိတ်ရှုပ်ထွေးစေပြီ ပူပန်စေခဲ့သည်။  သူ့ဒယ်ဒီက မလှမ်းမကမ်းမှာရောက်နေလောက်ပြီဟု ခံစားမိပေမယ့် ကံဆိုးစွာပဲ ရုတ်တရက် ပေါ်ထွက်လာတဲ့ မြူခိုးမျညူကြောင့် သူ့ခရီးကို နှောင့်နှေးသွား၏။

သူ့ပါးစပ်မှာ ဆီပုလင်းတွေ ချိတ်ထားသလိုဖြစ်နေကာ မပျော်မရွှင်ဖြစ်နေ၏။

ဝူဝမ်ယွီလည်း အနည်းငယ်စိတ်သောကရောက်နေသော်လည်း ယခုအချိန်တွင် သူမပို၍စိတ်သောကရောက်လေလေ တစ်ခုခုကိအမှားပိုလုပ်မိမှာဖြစ်သောကြောင့် သူမသည် ကောင်လေးကို စိတ်ရှည်ရှည်ဖြင့် နှစ်သိမ့်ကာ တစ်ချိန်တည်းမှာပင် မိမိကိုယ်ကို နှစ်သိမ့်နေခဲ့၏။

“လိမ္မာပါတယ်... 'မနက်ဖြန် မြူတွေ ရှင်းသွားတဲ့အထိ စောင့်ကြရအောင်။ဒီဟာကို အခွင့်ကောင်းယူပြီး ကောင်းကောင်းအနားယူကြရအောင်။  ပထမဆုံး အခွင့်အရေးရတာနဲ့ ငါတို့ မြို့ထဲကိုအမြန်သွားကြမယ်။"

ဒါကိုကြားတော့ ဝူရိလေးက သက်ပြင်းသာချလိုက်တော့သည်။

မကြာခင် ညရောက်လာ၏။  အားလုံးက ဗိုက်ဖြည့်ခဲ့ကြပြီး အလှည့်ကျ စောင့်ကြည့်နေကြသည်။။  တောရိုင်းတိရိစ္ဆာန်များနှင့် မြွေများကို နှိမ်နင်းရန် ၄တို့၏ဧရိယာတစ်ဝိုက်တွင် ဆာလဖာမှုန့်များကိုဖြန်းလိုက်ကြသည်။

ညဘက် တောတောင်ထဲကသစ်တောအိုကြီးမှာ တိတ်ဆိတ်နေပြီး တစ်ယောက်နှင့်တစ်ယောက်အသက်ရှူံကိုပင် ကြားနေရ၏။  မြက်ခင်းပြင်များမှ တရှဲရှဲ အသံများက ည၏ခြောက်ခြားစရာအခြေအနေကို အားဖြည့်ပေးနေ၏။

ကမ္ဘာပျက်ကပ်အတွင်းမှ သူဌေးဟမ်းစတားလေးWhere stories live. Discover now