29

5.4K 803 51
                                    

Chapter_29 ဝူရိလေးက ဒီနှစ်တော့ သုံးနှစ်သားလေးပါ


နဲရှောင်သည် မျက်နှာများနီရဲကာ မြေပြင်ပေါ်မှထပြီး "ကိုအားလာ ဟမ်းစတားလေး" ကို ဆွဲဖယ်ဖို့လုပ်လိုက်သည်။အတော်တန်ကြိုးစားခဲ့ပြီးမှ ကောင်ငယ်လေးအား

ဝူရိလေးသည် နဲရှောင်ကိုမျက်ရည်ဝဲကာကြည့်ရင်း နဲရှောင်ဆီသွားချင်ဟန် လက်ကလေးတွေဆန့်ထုတ်နေ၏။

နဲရှောင်သည် ကောင်ငယ်လေး၏နဖူးလေးအား အနားရောက်မလာစေရန် သူ့လက်ကြီးကြီးနှင့်တားထား၏။ သူ့မျက်နှာက တည်ငြိမ်ကာလေးနက်နေပေမယ့် သူ့ရဲ့နားရွက်နီနီလေးတွေကတော့ ခံစားအချက်အမှန်ကိုပြသနေလေရဲ့။

"နောက်ပိုင်းကျရင် မင်းစိတ်ကြိုက် ကိုယ့်ကိုလည်းနမ်းလို့မရတော့သလို တခြားသူတွေကိုလည်း မနမ်းရဘူးနော်" ဟု နဲရှောင်က အခုချိန်မှစ၍ ကောင်လေး၏အပြုအမူတွေကို ဟန့်တားရန် ရည်ရွယ်ချက်ရှိရှိပြောလိုက်၏။

သို့သော်လည်း ထိုအရာက ဝူရိလေးအတွက်တော့ တော်ရုံအံ့သြစရာကောင်းမှုကြီးမဟုတ်ပေဘူးလား။ကောင်လေး၏ မျက်လုံးများမှာ မယုံကြည်နိုင်ဟန် ပြူးကျယ်သွား၏။

"ဒါပေမယ့် ဒယ်ဒီကပြောထားတယ်လေ သူအိပ်ရာထဲလှဲနေရင် နမ်းရမယ်ဆိုပြီးတော့~"

နဲရှောင်: "......"

နဲရှောင်မှာတော့ ဟာသကြီးတစ်ခုလိုဖြစ်သွားခဲ့ပြီး သူ့ဘေးပတ်ပတ်လည်က ရယ်ချင်နေပေမယ့် မရယ်ရဲတဲ့လူတွေကိုလည်းမကြည့်ရဲတော့ပေ။ထိုလူတွေမှာလည်း ရယ်ချင်စိတ်ကိုချုပ်တည်းထားရသည်မှာ သေလုမတတ်ဖြစ်နေလေ၏။

သူ့ရှေ့က ဟမ်းစတားနတ်သားလေးက သူ့ကိုစမ်းသပ်ဖို့ ကောင်းကင်ဘုံကတကယ်ကြီးလွှတ်လိုက်တာထင်ပါရဲ့။

ဒီအချိန်မှာတော့ တခြားသူများဟာ ပြဇာတ်ကောင်းတစ်ခုကိုကြည့်နေရသလိုပင်။စောစောကမြင်ခဲ့ရတဲ့ မြင်ကွင်းကြောင့် သူတို့ ထိတ်လန့်တုန်လှုပ်သွားပေမယ့် သေချာပြန်စဉ်းစားကြည့်တဲ့အခါမှာတော့ ထိုကောင်ငယ်လေးဟာ လူစင်စစစ်မဟုတ်တဲ့ဟမ်းစတားလေးဆိုတာကို သတိရသွားခဲ့၏။ သူတို့သည် တဖြည်းဖြည်းလက်ခံနိုင်လာကြပြီး စိတ်ငြိမ်သွားကာ ဖရဲသီးစေ့များခွဲစားရင်း ထိုပြဇာတ်ကိုဆက်ကြည့်နေ၏။

ကမ္ဘာပျက်ကပ်အတွင်းမှ သူဌေးဟမ်းစတားလေးWhere stories live. Discover now