One(ဝူရိလေးက ဟမ်းစတားလေးပါ Uni)

6.9K 646 30
                                        

တရုတ်နှစ်သစ်ကူးကာလဟာလည်း ပြီးဆုံးတော့မည်။အိမ်အပြင်ဘက် မြက်ခင်းပြင်နုနုများတွင် ဗျောက်အိုး၊မိီးရှူးမီးပန်း အစအနများကလည်း နေရာအနှံ့ ပြန့်ကျဲနေ၏။ရာသီဥတုကတော့ နွေးထွေးမလာသေးပေ။ပေါ့ပါးသော လေပြေလေညင်းအကြား အဖြူရောင်မြူနှင်းလေးများက ငွေ့ရည်ဖွဲ့နေလျက်။

အေးစက်စက်ဖြစ်နေသော အပြင်ဘက်ပိုင်းနှင့်ယှဥ်လျင် အိမ်အတွင်းပိုင်း၏အပူချိန်ဟာ ပို၍မြင့်နေ၏။
အိမ်တွင်းအပူချိန်က နွေးထွေးလွန်းသည့်အတွက် လူတွေဟာ ​အိမ်ပြင်ကိုခြေတစ်လှမ်းတောင်မလှမ်းချင်ကြပေ။ဒီလိုမနက်စောစော အိပ်ရာထဲတွင်
စောင်နှင့်ကွေးကာ ဇိမ်ခံရတဲ့နွေးထွေးမှုအရသာလေးကြောင့် လူတော်တော်များများဟာ အိပ်ရာထဲက မထချင်ကြတာဖြစ်မည်။

Yuncheng,Fengshan အိမ်ရာဝန်း...

တောင်၏အလယ်လောက်တွင် ဥရောပစတိုင် တည်ဆောက်ထားတဲ့ စံအိမ်တော်ကြီးအတွင်း ခန့်ညားလှတဲ့ လူတစ်ယောက်ဟာ အိပ်ရာကြီးပေါ်တွင်လှဲနေသည်။သူဟာလည်းပဲ အိပ်ရာထဲမှဇိမ်ခံမှု၏အရသာကနေ မလွတ်မြောက်နိုင်တဲ့လူတွေထဲမှ တစ်ယောက်ဖြစ်နိုင်၏။

ထိုသူ၏မျက်လုံးတွေဟာ အသေအချာက်ိုပွင့်နေတာကြောင့် နိုးနေတာပဲဖြစ်ရမည်။သို့ပေသိ ထိုသူဟာ အိပ်ရာထဲမှထမည့်ဟန်မပေါ်။

လှဲလျောင်းနေတဲ့ ထိုသူဟာ မျက်နှာကျက်ကို နက်ရှိုင်းလှသောမျက်ဝန်းတစ်စုံနှင့် စူးစိုက်ကြည့်နေသည်။သူဟာ ဇဝေဇဝါဖြစ်နေဟန်ထင်ရသော်လည်း သူ့မျက်ဝန်းများကတော့ အရေးကြီးသည့်တစ်စုံတစ်ခုကို စဥ်းစားနေဟန် လေးနက်နေသည်။

အပြင်ဘက်က တစ်ယောက်ယောက်သာ မြင်သွားခဲ့လျှင်လည်း ထိုတစ်ယောက်ကလည်း ဒီအတိုင်းထင်မည်သာဖြစ်သည်။ဘာလို့လဲဆိုတော့ အိပ်ရာထဲတွင် ပျင်းရိကာလှဲနေတဲ့အပြုအမူက ဒီလိုမျက်နှာထားတည်ကြည်လေးနက်တဲ့လူနှင့် ကိုက်ညီမှုမရှိဘူးလေ။

သို့ပေမယ့်လည်း ခြွင်းချက်ဆိုတာ ရှိစမြဲပါ။

အပေါ်ယံမှာတော့ ဒီခန့်ညားတဲ့လူကို သွေးအေးတယ်လို့ ထင်ကောင်းထင်နိုင်ကြပေမယ့် တကယ့်တကယ်မှာတော့ နဲရှောင်၏ဘဝတွင် လူပေးမသိထားသည့် လျို့ဝှက်ချက်လေးတစ်ခုရှိနေသည်။

ကမ္ဘာပျက်ကပ်အတွင်းမှ သူဌေးဟမ်းစတားလေးDonde viven las historias. Descúbrelo ahora