ကပ်ဆိုးကြီး ရောက်လာလေပြီ။လူတိုင်း အန္တရာယ်တွင်းထဲကျနေပြီဆိုတာကိုသိနေကြပြီး ကိုယ့်အသက်ကိုယ်ကာကွယ်ဖို့အတွက် ဂရုတစိုက်နှင့်ချွင်းချက်မရှိ လက်တွေ့ကျကျလုပ်ဆောင်နေကြရသည်။ ထိုသို့ဖြစ်သည်နှင့်အည်ီ ဤကဲ့သို့ကမူးရူးထိုးပြုမူတတ်သောသူကို ရှဲ့ကျွင်းနှင့်သူ့ညီငယ်များ ပထမဉီးဆုံးအကြိမ်တွေ့ဖူးတာပင်။
ရှောင်ဝူရိသည် ကြမ်းပြင်မှမျက်နှာကြက်ထိ တစ်ဆက်ထဲဖြစ်သော ပြတင်းပေါက်တွေအား ရဲရင့်စွာပင် ဆွဲဖွင့်ကာ ဖုတ်ကောင်တွေရဲ့ခေါင်းကို ချက်ကောင်းထိအောင်ရိုက်ချလိုက်သည်။ဖုတ်ကောင်တွေရဲ့ဉီးခေါင်းခွံဟာ ရေထဲတွင် ပွင့်နေသောအုန်းသီးတစ်လုံးလို ကွဲထားသွားသည်။
အိုက်ယားးး ငါရဲ့သခင်လေးက အရမ်းသန်မာတာပဲ!!!
ထိုအရာကိုကြည့်နေသောအုပ်စုသည် ပို၍ပင် ရှက်ရွံ့လာပြီး စိတ်ထဲတွင် သိမ်ငယ်သွားသလိုပင် ခံစားလိုက်ရသည်။သူတို့အားလုံးဟာ ကပ်ဆိုးကြီးကိုကြုံတွေ့လာတာ ၃ရက်မျှကြာပြီဖြစ်သော်လည်း ခုမှနိုးလာပြီးပထမဆုံးအတွေ့အကြုံရှိတဲ့ကောင်လေးလောက်တောင်မှ သူတို့ရဲ့လုပ်ပုံတွေဟာ သန့်ရှင်းသပ်ရပ်မနေဘူး။
ကျန်ဖုတ်ကောင်များကလည်း ကွပ်လပ်ဖြစ်နေသောနေရာများတွင် ဒီရေအလား ပြန်ပြည့်လာကြပြန်သည်။ရှဲ့ကျွင်းနှင့်ကျန်လူများလည်း တွေဝေမနေရဲတော့ပဲ နောက်မှအမြန်လိုက်သွားကာ အိမ်တော်တစ်ဝိုက်ရှိဖုတ်ကောင်များကို ရှင်းလင်းရသည်။
ပြီးသွားသောအခါ ရှဲ့ကျွင်းနှင့်ကျန်လူများက မောဟိုက်စွာပင် မြေပြင်ပေါ်တွင် ခြေပစ်လက်ပစ်ထိုင်ချလိုက်တော့သည်။သူတို့အားလုံး မတ်တပ်ရပ်ဆဲဖြစ်နေသော ကောင်ငယ်လေးကိုကြည့်ကာ သက်ပြင်းချလိုက်သည်။
ငယ်ရွယ်နေတော့လည်း ကောင်းလိုက်တာ။ရှောင်ဝူရိသည် ပြတင်းတံခါးရှေ့တွင်ရပ်နေကာ ဖုတ်ကောင်အပုံလိုက်ကြီးအား မျက်မှောင်ကျုံ့ကာပင် စိုက်ကြည့်နေ၏။ သူ့မျက်နှာလေးမှာ မပျော်မှန်းသိသာနေပြီး ဒေါသတကြီး ရေရွတ်မိသည်။
"အိမ်က ညစ်ပတ်နေပြီ ဒယ်ဒီက အဲ့တာကို မကြိုက်ဘူး"
ရှဲ့ကျွင်းနှင့်ကျန်လူများ- "???"

YOU ARE READING
ကမ္ဘာပျက်ကပ်အတွင်းမှ သူဌေးဟမ်းစတားလေး
FantasyType Web Novel (CN) Language Chinese Author Huà Xī 画兮 Status in COO 92 chapters + 2 extra chapters Completed First of all , I'm not the owner of this novel.I'm just a translator.Just fan translation.All credits to original author and english transla...