Sixteen

3K 675 14
                                    

လော့ယွင်ဟိုင်သည်  နဲရှောင်တို့သုံးယောက်အားကြေးစားများဖြစ်မည်ဟု မျှော်လင့်မထားခဲ့ပေ။သူအရင်ကတွေ့ဖူးတဲ့ အထူးစစ်သားတွေနဲ့ နှိုင်းယှဥ်လျှင် ထိုသုံးယောက်ရဲ့စိတ်နေစိတ်ထားအပြုအမူများက ထူးကဲနေ၏။ထို့ကြောင့် သူတို့ပြောသော သာမန်ကြေးစားများဆိုတာကို သူလုံးဝမယုံကြည်ပေ။

သာမာန်ကြေးစားတွေသာ ဒီလောက်အင်အားရှိနေမည်ဆိုလျှင် ကမ္ဘာကြီးက အမှန်တကယ်ကို ဇောက်ထိုးဖြစ်သွားလိမ့်မည်။

နဲရှောင်နှင့်သူ့လူများသည် ကြေးစားလောကတွင် အကောင်းတကာ့အကောင်းဆုံး၊စွမ်းဆောင်ရည်အရှိဆုံးနှင့်အကျွမ်းကျင်ဆုံး ကြေးစားအုပ်စုအဖြစ် လူသိများကြသည်။ထို့အပြင် သူတို့နှင့်ယှဥ်ပြိုင်နိုင်သူအနည်းငယ်မှာ ဒီကပ်ဆိုးတွင်အသက်ရှင်၊မရှင် မသိနိုင်သေးပါ။

လမ်းတွင်....ဝူဝမ်ချီမှာ စစ်သားတွေနဲ့စကားစမြည်ပြောကာ အလွန်စိတ်ဝင်တစားရှိနေ၏။ ထိုသို့မဟုတ်လျှင်လည်း နဲရှောင်တို့ရှောင်ယန်းတို့နဲ့ပဲ နေ့တိုင်းနေနေရတာက သူ့မှာရူးသွားမတတ်ပင်။

သို့သော်လည်း ဤကျေနပ်ဖွယ်ကောင်းလှသော တိုတောင်းတဲ့အချိန်လေးကို နေ့လည်စာစားချိန်ကဝင်ဖျက်သွား၏။နဲရှောင်တို့သုံးယောက်မှာ သိက္ခာမရှိ တစ်ကိုယ်ကောင်းဆန်သည့်အပြုအမူတွေနဲ့ တခြားသူကို အသက်ရှူကြပ်စေလောက်အောင်လုပ်နိုင်သည့် ထိုလူအုပ်အား မကယ်ခင်အထိ ဘဝမှာနောင်တကြီးကြီးမားမားရခဲ့သည်ဆ်ိုတာ မရှိခဲ့ဖူးတာအမှန်ပါ။

"မင်းတို့ ငါတို့ကို ကျွေးရမှာ မဟုတ်ဘူးလား!  သာမာန်ပြည်သူတွေကို ကူညီဖို့က စစ်သားတစ်ယောက်အနေနဲ့ မင်းတို့တာဝန်မဟုတ်ဘူးလား?"

မာန်မလျှော့သော ထိုလူကြီးမှာ နဲရှောင်တို့အုပ်စုနှင့် အတော်ငြိခဲ့ပြီးပြီဖြစ်​သောကြောင့် အခုအချိန်မှာတော့ လော့ယွင်ဟိုင်တို့ရဲ့အလုပ်ကိုအကြောင်းပြပြီး အခွင့်ကောင်းယူနေဟန်ဖြစ်သည်။ထိုသူမှာ စစ်သားတစ်ယောက်အား လက်ညှိုးငေါက်ငေါက်ထိုးကာ တံတွေးကိုလည်း နေရာအနှံ့ထွေးပြီး အော်ဟစ်ကြိမ်းမောင်းနေ၏။

ကမ္ဘာပျက်ကပ်အတွင်းမှ သူဌေးဟမ်းစတားလေးWhere stories live. Discover now