ထိုစဉ် နင်းဖုန်းနှင့်သွမ့်ဝမ်ယွီတို့ အနားကဖုတ်ကောင်တွေကို ရင်ဆိုင်နေရစဉ် နဲရှောင်သည် ကျန်းချိုးကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ရန် သူ၏လေအစွမ်းကို အသုံးပြုလိုက်၏။
တိုက်ချင်ခိုက်ချင်နေတဲ့အရူးကျန်းချိုးနှင့် ဒီအချိန်တွင်တွေ့ရသည့်လူတိုင်းမှာ သူတို့ကံဆိုးနေသည်ကို သိသွားကြ၏။
အံ့သြစရာကောင်းတာက ကျန်းချိုးအနားက ချောမောပြီး ဖြူဖျော့ဖျော့ဖြစ်နေတဲ့ အမျိုးသားဟာ တကယ်ကို စွမ်းရည်ပိုင်ဆိုင်သူဖြစ်ပြီး spatialအထူးစွမ်းရည်ကိုပိုင်ဆိုင်ထား၏။
ပိုင်မိန်းက တစ်ဖက်မှာ ရပ်လိုက်ပြီး သူ့လက်ကို မြှောက်လိုက်၏။ သူသည် ပတ်ဝန်းကျင်ရှိ ဖုတ်ကောင်များကို ချေမှုန်းရန် ကျောက်တုံးတစ်ခုကို လွယ်လွယ်ကူကူ ကျွမ်းကျင်စွာ ထုတ်လွှတ်လိုက်သည်။လူတိုင်း၏အာရုံကသူ့ဆီရောက်နေတာကို ခံစားမိသော်လည်း မတတ်နိုင်သောကြောင့် သိမ်မွေ့စွာပင်ပြုံးလိုက်ပြီး ယဉ်ယဉ်ကျေးကျေးပြုမူလိုက်သည်။
"ကျွန်တော့်ကိုစိတ်မပူပါနဲ့... ကျွန်တော်လုပ်နိုင်ပါတယ်"
ဒါကိုမြင်တော့ အားလုံးက နောက်ဆုံးတော့ ကျန်းခ်ျိုးက ဘာလို့ ဒီလိုလူကို ခေါ်လာတာလဲ ဆိုတာသိလိုက်ရ၏။
သူက ရိုးရိုးရှင်းရှင်း စိတ်ထားကောင်းတဲ့ လူသားဂိုဒေါင်ကြီးပဲ!!
ကျန်းချိုးက အိတ်လေးတစ်အိတ်တောင်မဆောင်ဘဲ ဖုတ်ကောင်များပြည့်နေတဲ့ ဤမြို့လယ်တွင် အပူအပင်ကင်းစွာ လျှောက်သွားနိုင်သည်မှာ အံ့သြစရာတော့မဟုတ်။ဒါတွေက ပိုင်မိန်းကြောင့်ဖြစ်သည်။ အစပိုင်းမှာတော့ စိတ်ရူးပေါက်နေတဲ့သူရဲ့ မိုက်ရူးရဲဆန်မှုဟုသာထင်ခဲ့၏။
နင်းဖုန်းမှရုတ်တရက် အနည်းငယ်ချဉ်လာသည်။ "ဒီခွေးမသားလေး ကျန်းချိုးက ဘာလို့ ဒီလောက်ကံကောင်းနေတာလဲ?"
သူတို့၏အဖွဲ့သည် တိုက်ခိုက်ရေးစွမ်းအားနှင့် အလွန်အစွမ်းထက်သည့်စွမ်းရည်များ ပြည့်နှက်နေသော်လည်း ထောက်ပံ့ရေးနှင့်ပတ်သက်လာလျှင် ၄တို့တွင် အမှန်တကယ်ပင် နည်းလမ်းမရှိခဲ့။ ရှော့ပင်းမောလ်ကြီးတစ်ခုကို ဖြတ်သွားတိုင်း မျှော်ကြည့်ကာ သက်ပြင်းသာချနိုင်ကြသည်။ တစ်ချိန်တည်းမှာပင် ၄တို့၏အိတ်များထဲမှ ပစ္စည်းများ ကုန်သွားသည့်အခါတိုင်း ၄တို့ကို ပြန်ရှာဖြည့်ရန် ရုန်းကန်နေရသည်။။

VOUS LISEZ
ကမ္ဘာပျက်ကပ်အတွင်းမှ သူဌေးဟမ်းစတားလေး
FantasyType Web Novel (CN) Language Chinese Author Huà Xī 画兮 Status in COO 92 chapters + 2 extra chapters Completed First of all , I'm not the owner of this novel.I'm just a translator.Just fan translation.All credits to original author and english transla...