ဝူရိလေး၏ သနားကမားအကြည့်လေးက ရှဲ့ကျွင်းပေါ်သို့ အကဲခတ်ဟန်ချစ်စဖွယ်စူးစမ်းမှုလေးရောက်လာလေတော့ ရှဲ့ကျွင်းမှာအသဲယားစဖွယ်အပြုအမူကြောင့် သူ့စိတ်ဝိဉာဉ်မှာ ချက်ချင်းပင် ကောင်းချီးပေးခံသွားရသလိုပင်။သူက ဟမ်းစတားလေး၏ရှေ့တွင် သဘောတူဟန် လက်ကလေးဆန့်ကာ
"မစိုးရိမ်ပါနဲ့ ဘော့စ်လေး~ငါတို့လည်း မင်းကိုကာကွယ်ပေးမှာပါ၊ လူဆိုးတွေ မင်းကိုဘယ်တော့မှဖမ်းနိုင်မှာမဟုတ်ဘူး! ငါတို့ကတိပေးတယ်!!!""ဟုတ်တယ်! ဟုတ်တယ်! ကတိပေးပါတယ်!!!"
ကျန်တဲ့သူတွေကလည်း တညီတညွတ်တည်း ခေါင်းညိတ်ကြ၏။ သူတို့မျက်လုံးတွေက တောက်ပနေကြပြီး အသက်ရှူမှားလောက်သည်အထိချစ်စရာကောင်းလွန်းလှသော နတ်သားငယ်လေးကိုလည်း သူတို့မှာအကြည့်မလွှဲနိုင်ဖြစ်နေကြသည်။
ချစ်စရာကောင်းနေပြီးသားကောင်ငယ်လေးက ဒီထက်ပိုပြီးချစ်ဖို့ကောင်းနေလိမ့်မယ်လို့ မထင်ခဲ့မိဘူးးး!!!တကယ့်ကိုသေနိုင်လောက်တယ် အားးးး အွောင်းးးအွောင်းးအွောင်းးးး!!!
ဟမ်းစတားလေးမှာ လူတိုင်းရဲ့အာမခံချက်ကိုရတော့မှ စိတ်သက်သာရာရသွားကာ အဆင်ပြေသွားလေ၏။ သူက ရှက်ကိုးရှက်ကန်းနဲ့ လက်သည်းသေးသေးလေးကို ဆန့်ထုတ်လိုက်ပြီး ရှဲ့ကျွင်းရဲ့ လက်ချောင်းထိပ်တွေကို ပုတ်လိုက်၏။
"ချိ!"
ကတိပြုပြီးသွားပြီနော်~မင်း ဒီကလေးလေးကို မလိမ်ရဘူးနော်~
လက်သည်းသေးသေးလေးနဲ့ပုတ်ခြင်းခံရသော ရှဲ့ကျွင်းမှာချက်ချင်းပင် ဒူးထောက်ကျသွား၏။ ချစ်စဖွယ်လေး၏ပုတ်ခြင်းခံရတဲ့ လက်ချောင်းများကို ဆုပ်ကိုင်ထားရင်း နှလုံးခုန်သံ မြန်လာပြီး အသက်ရှူရ ခက်ခဲလာသလိုပင်။
ရှဲ့ကျွင်း၏လည်ပင်းနှင့် လက်ကောက်ဝတ်များတွင် ထိုးထားသည့်တက်တူးများကို လူတိုင်းမြင်နေရသော်လည်း ဒီလူကြမ်းကြီး၏အသွင်အပြင်နောက်က ပုန်းကွယ်နေသော ဆန့်ကျင်ဘက်အပြူအမူတွေကိုပါ တွေ့လိုက်ရ၏။
လက်မောင်းတစ်လျှောက်တက်တူးအပြည့်ထိုးထားတဲ့ရှဲ့ကျွင်းမှာ ဒီနေ့တွင်တော့ ရေတစ်တိုင်ကီစာလောက်မျက်ရည်ကျခဲ့ရ၏။

ESTÁS LEYENDO
ကမ္ဘာပျက်ကပ်အတွင်းမှ သူဌေးဟမ်းစတားလေး
FantasíaType Web Novel (CN) Language Chinese Author Huà Xī 画兮 Status in COO 92 chapters + 2 extra chapters Completed First of all , I'm not the owner of this novel.I'm just a translator.Just fan translation.All credits to original author and english transla...