ဝူဝမ်ယွီ နိုးလာပြီဆိုတဲ့သတင်းကိုကြားတော့ ရှောင်ဝူရိလေးမှာ ရှဲ့ကျွင်းအား ပျော်ရွှင်နေသောအငွေ့အသက်တွေအပြည့်ဖြစ်နေတဲ့ မျက်နှာရွှင်ရွှင်လေးနှင့်ကြည့်နေ၏။
ရှဲ့ကျွင်းတို့အားလုံး ရေချိုးပြီးခါစကောင်လေးကိုမြင်ရတာ မှည့်ပြီးသားပန်းသီးလေးတစ်လုံးလိုပဲ။ ချစ်စရာကောင်းလွန်းတယ်။တွေ့တဲ့သူတိုင်း တစ်ကိုက်လောက်တော့ ကိုက်ကြည့်ချင်ကြမှာပဲ။
ဝူရိလေးမှာ ရှဲ့ကျွင်းထပ်ပြောလာမှာကိုတောင် မစောင့်နိုင်တော့ဘဲ အပြင်ကိုပြေးထွက်ကာ ဝူဝမ်ယွီနားနေတဲ့အိပ်ခန်းငယ်လေးဆီသွားခဲ့သည်။အဝေးကနေသူတွေ့ရတာက ဝူဝမ်ယွီအနားမှာ ဟန်းလင်တို့အုပ်စုကပတ်ပတ်လည်ဝိုင်းကာ စကားပြောနေကြ၏။
ဝူရိလေးက လူအုပ်ကြားထဲမှထိုးထွက်ကာ ဝူဝမ်ယွီအားပြေးဖက်လိုက်သည်။ သူက ဝမ်ယွီ၏လည်ပင်းအား လွတ်ထွက်မသွားနိုင်သည်အထိ တင်းတင်းကြပ်ကြပ်ပွေ့ဖက်ကာ ပျော်ရွှင်စွာအော်ပြောလိုက်သည်။
"ရှောင်ယွီမိန်းမိန်း ဝူရိလေးက တွေ့ချင်နေတာ!"သူမလက်မောင်းကြားထဲမှ ချောမောလှပတဲ့ကောင်ငယ်လေးနှင့်ထိုကောင်ငယ်လေးဆီမှ သင်းပျံ့လာသော စတော်ဘယ်ရီရေချိုးဆပ်ပြာအနံ့သင်းသင်းလေးကြောင့် ဝူဝမ်ယွီမှာရုတ်တရက် စကားလုံးများပျောက်ရှသွား၏။သူမ ဟန်းလင်ကိုနားမလည်ဟန်ဖြင့်စိုက်ကြည့်ကာ အံ့သြသွား၍စကားပင်မပြောနိုင်။
သို့သော် ဟန်းလင်ကတော့ အတန်းဖော်များကိုအပြင်ထွက်ရန်ဆော်သြလိုက်ပြီး
"ဒါဆို နင်နဲ့နင့်အစ်ကိုဝူရိရဲ့ မိသားစုပြန်ဆုံပွဲလေးကို ငါတို့ မနှောင့်ယှက်တော့ဘူးနော်...။"
ဟုသူမက ပြုံးပြုံးလေးနှင့်ပြောသွားခဲ့သည်။"!???"
အစ်ကို ...ဝူရိ!
ငါ့အစ်ကိုနဲ့ အစ်မယန်းရဲ့သားက ဒီအရွယ်ကြီးတောင်ရှိပြီလား!!?
ဝူဝမ်ယွီမှာ နာမည်ကိုကြားပြီး အံ့အားသင့်သွားသည်။ ထို့နောက် ရှောင်ယန်းနှင့် သိပ်မဆင်သော်ငြားလည်း တူညီသောရင်သပ်ရှုမောဖွယ်အလှလေးကို ပိုင်ဆိုင်ထားသည့် ကောင်ငယ်လေးအား လှည့်ကြည့်လိုက်ရာ ရုတ်ချည်း အစစ်အမှန်ဖြစ်ကြောင်း ခံစားလိုက်ရသည်။

DU LIEST GERADE
ကမ္ဘာပျက်ကပ်အတွင်းမှ သူဌေးဟမ်းစတားလေး
FantasyType Web Novel (CN) Language Chinese Author Huà Xī 画兮 Status in COO 92 chapters + 2 extra chapters Completed First of all , I'm not the owner of this novel.I'm just a translator.Just fan translation.All credits to original author and english transla...