Five{ဝူရိ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျသွားခြင်း}

3.2K 664 28
                                    

မော့ခယ်မြို့  ည၁၀နာရီဝန်းကျင်

တိတ်ဆိတ်ငြိမ်းချမ်းလှသော အခါသမယညချမ်းမှာလူနာတင်ယာဉ်နှင့် ရဲကားများ၏ ဥသြသံများသည် ပြတင်းတံခါးအပြင်မှ အချိန်နှင့်အမျှ ပဲ့တင်သံလို ထွက်နေသဖြင့် ဝန်းကျင်ရှိလူအများ၏စိတ်ကို ရှုပ်ထွေးသွားစေကာ အထိတ်တလန့်ဖြစ်သွားရသည်။

နဲရှောင်နှင့်ကျန်နှစ်ယောက် ဟိုတယ်သို့ ပြန်လာပြီးနောက် သွမ့်ဝမ်ယွီဆီမှ ဖုန်းဝင်လာသည်။

သွမ့်ဝမ်ယွီ အခြေအနေကို အကျဉ်းချုပ်ပြောကာ အဓိကအကြောင်းအရာကိုသာ ဉီးတည်ပြီးပြောခဲ့သည်။နဲရှောင်ကို သူရှာတွေ့ထားတဲ့သတင်းအား ပို့ပေးလိုက်ပြီး တည်ငြိမ်စွာဖြင့်
“ဘော့စ် ကျွန်တော် ငါးကြီးရဲ့ နောက်ဆုံးရဓာတ်ပုံကိုရှာတွေ့ထားတယ် ဒါပေမယ့် မှားနေသလိုပဲ"

"အဲ့လူ ဗိုင်းရပ်စ် ကူးခံနေရတယ်လို့ သံသယရှိနေတယ်"

နဲရှောင် ထိုအရာကိုကြားပြီးနောက် သွမ့်ဝမ်ယွီ ပို့ပေးထားတဲ့ စာရွက်စာတမ်းကို ချက်ချင်းနှိပ်လိုက်သည်။အတော်ပင် ထူးဆန်းပြီး ကြောက်စရာကောင်းသော ဓါတ်ပုံတစ်ပုံသည် သူ့မြင်ကွင်းထဲသို့ ဝင်ရောက်လာ၏။

ဝူဝမ်ချီဟာ  ဖျော့တော့တော့ဖြစ်နေသော ရှောင်ယန်းအား ဆိုဖာပေါ်တွင် ထိုင်စေပြီး စောင်ကို ခြုံပေးလိုက်၏။သူမော့ကြည့်လိုက်တော့ နဲရှောင်ရဲ့နက်မှောင်နေတဲ့မျက်ဝန်းတွေဟာ ကျုံ့နေသယောင်နှင့် လေးနက်တဲ့အမူအရာကိုမြင်လိုက်ရတော့ သတိမမူမိပဲမနေတော့ပေ။

"ဘော့စ် ဘာဖြစ်လို့လဲ?"

“မင်းတို့ နှစ်ယောက်လုံး ကြည့်စမ်း။ဒါက ဘာနဲ့တူတယ်လို့ ထင်ကြလဲ"

နဲရှောင် ဖုန်းကိုလှည့်ကာ  မျက်မှောက်ကျုံ့ပြီး ထိနှစ်ယောက်အား ဓာတ်ပုံကို သေချာပြလိုက်သည်။ဝူဝမ်ချီနှင့်ရှောင်ယန်းတို့၏ အကြည့်က ဓာတ်ပုံပေါ်ကိုရောက်သွားတော့ အံ့သြသွားကာ ပါးစပ်လေးတွေဟစိဟစိဖြစ်သွား၏။။

ပုံထဲက သူတို့သတ်ပစ်ချင်နေတဲ့ လူက အရင်ပုံစံနဲ့မတူတော့ပေ။

မျက်ဝန်းတွေက ညှို့မှိုင်းမှိုင်းသဖွယ်ရှိပြီးခံစားချက်ကင်းမဲ့နေကာ အပြာရောင်အစွယ်များကတွဲလောင်းကျနေပြီး အပြာနဲ့အဝါစပ်အရောင် အဖုများလည်း ထွက်နေ၏ .....နဂိုမျက်နှာက ထူးဆန်းပြီး ရွံစရာကောင်းသွားသည်။၎၏ ခန္ဓာကိုယ် တစ်ခုလုံးသည် အလောင်းကောင်အတိုင်းလဲနေပြီး နှင်းဖြူဖြူများကလည်း သွေးများဖုံးအုပ်နေသော
ကြောင့် ကြက်သွေးရောင်သို့​ပြောင်းလဲသွားကာ ဘေးနားတွင်လည်း ကျိုးပဲ့နေသောအရိုးများကဝိုင်းနေ၏။

ကမ္ဘာပျက်ကပ်အတွင်းမှ သူဌေးဟမ်းစတားလေးWhere stories live. Discover now