နဲရှောင်တို့မှာ လင်းမုန့်ဖေး၏အိမ်သို့သွားရာလမ်းတစ်လျှောက်တွင်ရှိသော ဖုတ်ကောင်များကိုသတ်ခဲ့၏။
ဝူဝမ်ချီသည် မစ်ရှင်များရှိလျှင် ဆယ်ရက်မှ တစ်လခွဲအထိ အိမ်မှထွက်လေ့ရှိသော်လည်း သူ့ညီမလေး၏နေ့စဉ်ဘဝနှင့် ပတ်သက်၍ အလွန်စိုးရိမ်နေဆဲဖြစ်ပြီး သူမ၏သူငယ်ချင်းအသိုင်းအဝိုင်းနှင့်ရင်းနှီးအောင်လည်း ကြိုးစားခဲ့သည်။
အထူးသဖြင့် သူမ၏ အချစ်ဆုံးသူငယ်ချင်း လင်းမုန့်ဖေးကို သေသေချာချာ စုံစမ်းစစ်ဆေးခဲ့သည်။
လင်းမုန့်ဖေး၏ မိသားစုနောက်ခံသည် အလွန်ရိုးရှင်းပါသည်။ သူမ၏ မိသားစုတစ်ခုလုံးသည် Fengcheng ခရိုင်ရှိ သာမန်ရပ်ကွက်တွင် နေထိုင်ကြသည်။ သူ့အဖေရော အမေရော ကုမ္ပဏီတစ်ခုမှာ ၉နာရီမှ၅နာရီလောက် အလုပ်လုပ်၏။ မူလတန်းကျောင်းတက်နေတဲ့ မောင်လေးတစ်ယောက်လည်းရှိသေး၏။
ဝူဝမ်ချီ၏ဉာဏ်ကိုအားကိုး၍ နဲရှောင်တို့သည် ဒုက္ခသိပ်မများဘဲ လင်းမုန့်ဖေး၏အိမ်တည်ရှိရာ ရပ်ကွက်ကို တွေ့ရှိခဲ့ကြသည်။ သို့သော် ပတ်ဝန်းကျင်ရှိ ဖုတ်ကောင်များကို မြင်လိုက်ရသောအခါ ဝူဝမ်ချီမှာ မျှော်လင့်ချက်တောင်မရှိတော့ချေ။
မျှော်လင့်ထားသည့်အတိုင်း အဆောက်အဉီးများအားလုံးက လစ်ဟာနေ၏။
ထိုအချိန်တွင် သူတို့၏လမ်းကြောင်းသည် တိုတောင်းပြီး Wu Wenyu သည် မည်သည့်နေရာတွင် ရှိနေနိုင်သည်ကို သဲလွန်စမရှိခဲ့ပေ။
ဝူဝမ်ချီသည် မျက်လုံးနီရဲလာတာကို ဖုံးကွယ်ဖို့ကြိုးစားနေ၏။ သူ့လက်သီးတွေကို နံရံပေါ်မှာ မိုးရွာချသလိုထိုးနေကာ ဝမ်းနည်းနေပုံပေါ်၏။
စက္ကန့်ပိုင်းအတွင်း လေထုသည် တိတ်ဆိတ်ငြိမ်သက်သွားသည်။ တံခါးအပြင်ဘက်ရှိ ဖုတ်ကောင်များမှ ထွက်လာသော မနှစ်မြို့စရာ ရွံရှာဖွယ်အသံများကိုသာ ကြားနိုင်ခဲ့သည်။
လက်နက်မဲ့ အကာအကွယ်မဲ့ ကလေးမလေးတစ်ယောက်က ဒီအန္တရာယ်ကြီးတဲ့ ကမ္ဘာပျက်ကပ်ကြီးမှာ ချောချောမွေ့မွေ့နဲ့ ဘေးကင်းစွာ ရှင်သန်နိုင်ဖို့က စိတ်ကူးကြည့်ဖို့တောင် ခဲယဉ်းလွန်း၏။

BẠN ĐANG ĐỌC
ကမ္ဘာပျက်ကပ်အတွင်းမှ သူဌေးဟမ်းစတားလေး
Viễn tưởngType Web Novel (CN) Language Chinese Author Huà Xī 画兮 Status in COO 92 chapters + 2 extra chapters Completed First of all , I'm not the owner of this novel.I'm just a translator.Just fan translation.All credits to original author and english transla...