ရှဲ့ကျွင်းတို့အဖွဲ့က ရှောင်ဝူရိနှင့်အတူလမ်းတစ်လျှောက်လုံး ကားမောင်းသွားခဲ့ကြပြီး နောက်ဆုံးတွင်တော့ Yuncheng၏မြို့တော်ဆီသို့ရောက်ရှိလာခဲ့ကြသည်။ရှောင်ဝူရိမှာ “ထူးချွန်တဲ့transporterလေး” ဖြစ်တာကြောင့် လမ်းလယ်ခေါင်တွင်ပိတ်ဆို့နေသော ယာဉ်များကို အလျင်အမြန်ရွှေ့နိုင်သောကြောင့် တစ်လျှောက်လုံးအတားအဆီးမရှိ ဖယ်ရှားနိုင်ခဲ့ကြသည်။
ထိုမြို့ကထွက်မလာခင် သုံးရက်နှင့် နှိုင်းယှဉ်ကြည့်လျှင် ဤချောမွေ့သော ခရီးသည် မယုံနိုင်စရာပင်။
မြို့ထဲသို့ဝင်သောအခါတွင် လူတိုင်း ရိက္ခာများကို စုဆောင်းရသည်။ ဤနေရာတွင် ညီငယ်များအားလုံးက ဟမ်းစတားများဖြစ်လာကြပြီး တကာ့်ဟမ်းစတားအစစ်ဝူရိလေးမှာ အရန်သင့်ရပ်နေရုံမျှသာဖြစ်သည်။
(This means ညီငယ်တွေရိက္ခာစုတာက ဟမ်းစတားတွေအစာစုဆောင်းတာနဲ့တူလို့ပါ)
အဆုံးမှာတော့ ညီငယ်များမှာ ရှောင်ဝူရိspaceထဲတွင် ပစ္စည်းဘယ်လောက်များများစုဆောင်းထားကြသည်ကိုတောင် မမှတ်မိကြတော့သောအခါ
ရှောင်ဝူရိ၏spaceမှာ မည်မျှကျယ်ပြောကြောင်း သတိထားခံစားမိလာကြပြီး အသိတရားဝင်လာကြ၏။ဤအကြောင်းကြောင့် ရှဲ့ကျွင်းမှာ သူဖတ်ဖူးခဲ့တဲ့ အွန်လိုင်းဝတ္ထုတွေထဲကလိုဖြစ်မှာ မစိုးရိမ်ပဲမနေနိုင်။ ထို့အပြင် spaceစွမ်းအင်ပိုင်ဆိုင်တဲ့ရှောင်ဝူရိလေးကို အသင့်လုဖို့စောင့်နေတဲ့ယောကျာ်းကြီးတွေရှိနေမှာကိုလည်းကြောက်မိသည်။
အစာရေစာရှားပါးခက်ခဲလှသည့် ဤကမ္ဘာပျက်ကပ်ကာလတွင် ဒီကြီးမားလှတဲ့ရတနာလေးက လောဘကြီးတဲ့သူတွေကိုဆွဲဆောင်နေမည်မှာမလွဲပေ။
ရှောင်ဝူရိမှာ စိုးရိမ်နေတဲ့'မားမားရှဲ့'အား နှစ်သိမ့်သည့်အနေနှင့် ပခုံးကိုပုတ်ပေးလိုက်သည်။ သူ၏ ကြည်လင်တောက်ပသော မျက်ဝန်းဝိုင်းဝိုင်းများက လေးနက်မှုအပြည့်နှင့်
"စိတ်ပူမနေနဲ့ ရှောင်ကျွင်းကျွင်း~ငါက ဒယ်ဒီ့အပိုင်မလို့ ဘယ်သူမှခေါ်သွားလို့မရဘူး!"

YOU ARE READING
ကမ္ဘာပျက်ကပ်အတွင်းမှ သူဌေးဟမ်းစတားလေး
FantasyType Web Novel (CN) Language Chinese Author Huà Xī 画兮 Status in COO 92 chapters + 2 extra chapters Completed First of all , I'm not the owner of this novel.I'm just a translator.Just fan translation.All credits to original author and english transla...