Seven

3.1K 719 17
                                    

7

  ဖြူဖွေးကြည်လင်လှပသောအသားအရေ၊ သိမ်မွေ့လှသော မျက်ခုံးမွေးတစ်စုံနှင့် မင်းသားငယ်လေးတစ်ပါးပမာ လူငယ်လေးတစ်ယောက်ဟာ အိပ်ရာအလယ်တည့်တည့်တွင်ခြေဗလာဖြင့် မတ်တပ်ရပ်နေ၏။ထိုလူငယ်လေးဟာ မဖိတ်ကြားပဲအိမ်သို့ကျူးကျော်ဝင်ရောက်လာတဲ့ထိုသူတွေကို စိုက်ကြည့်နေ၏။သူ့တစ်ကိုယ်လုံးဟာ ရန်လိုနေသောဖြူကောင်သဖွယ် ဖြစ်နေ၏။

"ဘယ်သူတွေလဲ?ငါ့အိမ်ကနေ မြန်မြန်ထွက်သွား!!!"

ရှောင်ဝူရိရဲ့အော်သံဟာ တင်းမာနေသော်လည်း  တကယ်တမ်းမှာတော့ သူ့မျက်နှာဟာ ကြောက်ရွံ့မှုကြောင့် ဖြူ​ဖျော့နေပြီး   လက်သီးဆုပ်ကလေးများကိုလည်း တင်းတင်းကြပ်ကြပ်ဆုပ်ထား၏။ဒီလူတွေ တံခါးကိုဖျက်ပြီးဝင်နိုင်လိမ့်မယ်လို့ သူမထင်ထားသလို ဒယ်ဒီကလည်း သူ့ကိုကယ်ဖို့ အချိန်မှီပြန်ရောက်မလာနိုင်ခဲ့ဘူးလို့လည်း ထင်မှတ်မထားခဲ့မိဘူး။

သူက ဟမ်းစတားလေးတစ်ကောင်ပါနော်၊တကယ်ကိုပဲ၊သူဘာလုပ်တတ်မှာလဲလို့!QAQ

ဒါကိုကြားပြီး ရှဲ့ကျွင်းက အံ့သြနေရာမှ အရင်အသိစိတ်ဝင်လာပြီး  အလျင်အမြန်ပင် ရှင်းပြလိုက်၏။
“မင်း အထင်လွဲနေပြီ!ငါတို့က တကယ်မင်းကိုကယ်ဖို့ လာတာပါ!ငါတို့ကလူကောင်းတွေပါ!!!"

"လိမ်တာ!!"

လူဆိုးတွေက သူတို့ကိုယ်သူတို့ လူကောင်းတွေလို့ပဲ​ပြောကြတာ။ရှောင်ဝူရိ သူရဲ့မဟုတ်မကစကားတွေကို မယုံပါ။အနံ့ခံကောင်းလှတဲ့ သူ့နှာခေါင်းလေးအား သွေးနံ့နှင့်ပုပ်အက်အက် အနံ့များကသွေးဆောင်သွားခဲ့ပြီး သူ့အကြည့်များဟာ တံခါးအပြင်ဘက်မှအတုံးအလဲဖြစ်နေသော နေရာဆီသို့ရောက်သွား၏။ ရှဲ့ကျွင်းရဲ့တပည့်များဟာ ရှုံ့မဲ့သွားကြပြီး မျက်နှာများဟာလည်း အကျည်းတန်သွား၏။

ကြမ်းပြင်ပေါ်တွင် ခေါင်းပြတ်ကာ လဲကျနေသည့် အဒေါ်ကြီးမှာ အိမ်သန့်ရှင်းလုပ်သော သန့်ရှင်းရေးအဒေါ်ကြီးပင်။

"မင်းတို့ လူတိုင်းကိုသတ်ပြီး အခု လူကောင်းလို့ပြောနေတာလား!"

ရှဲ့ကျွင်းနှင့်တခြားသူများဟာ ခုအခြေအနေကိုရှင်းရှင်းလင်းလင်းမသိသေးသည့် လှပချောမောတဲ့ကောင်ငယ်လေးအား ကြည့်နေသည်။ သူတို့ကိုယ်တိုင်ရှင်းပြချင်ပေမယ့်လည်း ရှင်းမပြရသေးခင်အချိန်လေးမှာပင် ကောင်ငယ်လေးဟာ နောက်သို့ခြေနှစ်လှမ်းဆုတ်ကာ ကုတင်ဘေးအံဆွဲထဲမှ သေနတ်ဆွဲယူလိုက်တာကိုမြင်လိုက်သည်။ပြီးသည်နှင့် အလျင်အမြန်ပင် မောင်းတင်လိုက်၏။

ကမ္ဘာပျက်ကပ်အတွင်းမှ သူဌေးဟမ်းစတားလေးWhere stories live. Discover now