Eighteen

2.9K 684 12
                                    

ရွာငယ်လေးထဲသို့ ​ရောက်သွားသည်နှင့်တပြိုင်နက် လေထဲတွက် လွင့်မျောနေသောထူးခြားသည့်လေထုကို ခံစားလိုက်ရသည်။

သူတို့အားလုံး ရှေ့ဆက်လျှောက်သွားလိုက်တော့ နှေးကွေးစွာသွားနေသော ဖုတ်ကောင်များမှအပ အခြားသက်ရှိသတ္တဝါများ၏ခြေရာလက်ရာကိုပင်မတွေ့ကြရသေးပေ။ သူတို့မှာ  လှုပ်ရှားတက်ကြွနေသောဖုတ်ကောင်များကိုပင် မတွေ့ခဲ့ရသည့်အပြင် ရွာသားများ၏ အိမ်များရှိ ရိက္ခာတွေမှာလည်း တစိုးတစိမျှမရှိကြ။

ရွာကြီးတစ်ရွာဖြစ်သော်ငြားလည်း အချိန်အတော်ကြာအောင်ပျက်စီးသွားခဲ့သည် ရွာပျက်ကြီးကဲ့သို့တိတ်ဆိတ်ပြီး ဘာမျှမရှိပေ။

ရှဲ့ကျွင်းသည် သူ့ပတ်ဝန်းကျင်ရှိ အဆောက်အအုံဟောင်းများကို လှည့်ပတ်ကြည့်ရှုလိုက်သည်။  သူ၏စူးရှထက်မြက်လှတဲ့ အာရုံခံအကြောများက သူ့ကို စိတ်မသက်မသာဖြစ်စေပြီး
"ငါဒီနေရာကိုကြည့်လေကြည့်လေ  သရဲဇာတ်ကားထဲက သရဲမြို့တော်လို ခံစားရလေလေပဲ" ဟု မနေနိုင်စွာပြောလိုက်မိသည်။

"သောက်ချီး!"
တစ်ကိုယ်လုံး ကြက်သီးထသွားဟန်တူသည့် ညီငယ်တစ်ယောက်က  သူ့လက်မောင်းကို လက်နှစ်ဖက်ဖြင့်ပွတ်သပ်ကာ "အစ်ကိုကြီး ဒီလိုကြောက်စရာတွေ မပြောပါနဲ့!"ဟု အော်ပြောနေသည်။

“ဒီနေရာကအရာအားလုံး လုယက်ခံလိုက်ရပြီထင်တယ်။အရင်က လူတွေရှိပေမယ့် အသက်ရှင်နေသေးသော လူငယ်တွေက စောစောစီးစီး လွတ်မြောက်သွားတဲ့ပုံပဲ။  ဒီဖုတ်ကောင်တွေကို အနီးကပ်ကြည့်ကြည့်လိုက်  အများစုက အသက်ကြီးတဲ့သူတွေကြီးပဲ။”

ဝူဝမ်ယွီသည် သူမ၏ မေးစေ့ကိုကိုင်ကာ ထိုအချင်းအရာကို ခွဲခြမ်းစိတ်ဖြာနေသည်။  သူမသည် ရဲရင့်စွာ မွေးဖွားလာခဲ့ပြီး ကြောက်လန့်နေတာမျိုးမရှိ။  ဖုတ်ကောင်များ၏ရုပ်ကြွင်းများကို အနီးကပ်ကြည့်ရှုခြင်းကာ ဖုတ်ကောင်များ၏ဦးခေါင်းထဲရှိ သလင်းကျောက်ကိုလည်း ရှင်းလင်းစွာပင်ဆွဲထုတ်ခံထားရသည်။

“ဒါဖြစ်နိုင်တယ်။”  ကျောင်းအုပ်ကြီးယွမ်ကလည်း ခေါင်းငြိမ့်ကာ ရှေ့ကလမ်းကို လှမ်းကြည့်၍ “ရှေ့ဆက်သွားကြရအောင်။  ဒီမှာကြာကြာနေတာ မကောင်းဘူး။”

ကမ္ဘာပျက်ကပ်အတွင်းမှ သူဌေးဟမ်းစတားလေးWhere stories live. Discover now